BEC-TERO TV

အိုဒွိုင်းကို တစ်ပါတ်လုပ်ခ ပေါင် ၁ သိန်းအထိတိုးမြှင့်ပေးပြီး ၅ နှစ်စာချုပ်သွားမည့် ချဲလ်ဆီး

05 Jun 2019     1,314 Views


အင်္ဂလန် ကစားသမားလေး ဟူဆန် အိုဒွိုင်းကို ချဲလ်ဆီးအသင်းက တစ်ပါတ်လုပ်ခ ပေါင် ၁ သိန်းအထိတိုးမြှင့်ပေးပြီး  ၅ နှစ်စာချုပ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အသက် ၁၈ နှစ် အရွယ် အိုဒွိုင်းဟာ ပြီးခဲ့တဲ့ ရာသီကမှ ချလ်ဆီးအသင်းမှာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး ခြေစွမ်းပြ ကစားထားနိုင်တာကြောင့် အသင်းကြီး အများစုက ခေါ်ယူချင် ကစားသမား တစ်ဦးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီးအပြောင်းအရွေ့ တုန်းက အိုဒွိုင်းကို ဘိုင်ယန်မြူနစ်အသင်းက ပေါင် ၃၅ သန်းနဲ့စတင်ပြီး ၄ ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့ပြီး ချဲလ်ဆီးအသင်းက အကြိမ်ကြိမ် ပယ်ချခဲ့ပါတယ်။ ချဲလ်ဆီးအသင်းက အိုဒွိုင်းကို ရီးရဲလ်မက်ဒရစ် ပြောင်းရွေ့ သွားတဲ့ အီဒင် ဟာဇက်၏ ကျောနံပါတ် (၁၀) ကို ပေးအပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက ရီဘာရီ ၊ ရော်ဘင် တို့၏ နေရာအတွက် အိုဒွိုင်းကို လက်မလျှာ့သေးဘဲ ဆက်လက်ကမ်းလှမ်းသွားဖို့ရှိနေပြီး မန်ယူအသင်းက ဆန်းချက်စ် ၊ မာရှယ်တို့ရဲ့ နေရာမှာ အစားထိုးခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

နည်းပြဆာရီက “ အိုဒွိုင်းဟာ တစ်ကယ်ထူးချွန်တဲ့ ကစားသမားဖြစ်တာကြောင့် အသင်းအတွက် အရေးပါတဲ့ ကစားသမား တစ်ဦးပါ။ အသင်းမှာ ဆက်ရှိဖို့ မျှော်လင့်ပါတယ် ” လို့ပြောကြားထားခဲ့ဖူးပါတယ်။ ချလ်ဆီးအသင်းနည်းပြ ဆာရီဟာ ဂျူဗင်တပ်စ်အသင်းနှင့် သတင်းတွေ ထွက်ပေါ်နေတာကြောင့် ချဲလ်ဆီးအသင်းကို ကစားသမားဟောင်း လမ်းပတ်က နည်းပြမယ်ဆိုတဲ့ သတင်းတွေကကျယ်လောင် နေခဲ့တာဖြစ်ပါတယ်။

ဖရန့်လမ်းပတ်သာ ချလ်ဆီးအသင်းကို နည်းပြဖြစ်ပါက လူငယ်ကစားသမားတွေ နေရာပေးနိုင်တာကြောင့် အိုဒွိုင်းဟာ နည်းပြဆာရီလက်ထက်မှာထက် ပိုပြီး နေရာရနိုင်တယ်လို့ သတင်းတွေက သုံးသပ် ဖော်ပြခဲ့ကြပါတယ်။ အိုဒွိုင်းဟာ ချလ်ဆီး စီနီယာအသင်းကြီးမှာ၂၄ ပွဲကစားထားခဲ့ပြီး ယူရိုပါလိဂ်မှာ သွင်းဂိုး ၄ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။


05 Jun 2019     1,314 Views




RELATED

Most Popular of Football

Most Popular of Sport