BEC-TERO TV

စပိန်အသင်းမှာ ပွဲထွက်ခွင့် မရရှိတော့တဲ့ ဒီဂီယာ

11 Jun 2019     1,324 Views


မနေ့ညက ကစားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ စပိန်အသင်းနှင့် ဆွီဒင် အသင်းနှင့် ပွဲမှာ မန်ယူအသင်းဂိုးသမား ဒေဗစ် ဒီဂီယာ ဟာ အသင်း ၁၁ ယောက်လူစာရင်းမှ ချန်လှပ်ခံရပြီး အရံခုံမှာ ထိုင်ခဲ့ရပါတယ်။ သူ့ အစား စပိန်အသင်းက ချဲလ်ဆီးအသင်း ဂိုးသမား ကီပါက ပွဲထွက်ပါဝင်စေခဲ့ပါတယ်။

ဒီဂီယာဟာ နိုင်ငံအသင်းနှင့် နောက်ဆုံး ပွဲစဉ် ၃ ပွဲမှာ ပွဲထွက်လူစာရင်းမှ ချန်လှပ်ခံရခဲ့ပြီး ကီပါကသာ နောက်ပိုင်းပွဲစဉ်တွေမှာ ပွဲထွက်လာခဲ့တာကို တွေ့ မြင်ခဲ့ရပါတယ်။ ဒီဂီယာဟာ မန်ယူအသင်းနှင့် ဆက်ဆံရေး ပြေလည်မှုမရှိဘဲ မန်ယူအသင်းမှ ဒီဂီယာကို ပေါင် သန်း ၂၀ လျှော်ကြေးပေးပြီး ပီအက်စ်ဂျီအသင်းထံ ရောင်းထုတ်ဖို့ သတင်းတွေလည်း ထွက်ပေါ်နေတာဖြစ်ပါတယ်။

“ ဒီဂီယာက တစ်ကယ်ထူးချွန်တဲ့ကစားသမားတစ်ယောက်ပါ။ သူ့ အခု ဘာလို့ ပွဲထွက်ခွင့်မရသလဲဆိုရင် ချဲလ်ဆီးအသင်း ဂိုးသမား ကီပါက ကလပ်အသင်းမှာ သူထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကောင်းတွေ ရှိနေတာကြောင် သူကို ပွဲထွက်ခွင့်ပေးရတာပါ ”  လို့ စပိန်အသင်းလက်ထောက်နည်းပြ ကပြောပါတယ်။

ကီပါဟာ ချဲလ်ဆီးအသင်းနှင့် ယူရိုပါလိဂ်ဖလားကို ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာကို ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပြီး ဒီဂီယာကစားတဲ့ မန်ယူအသင်းက အဆင့် ၆ မှာ ရပ်တည်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်နဲ့လွဲချော်ခဲ့ရပါတယ်။

မနေ့ကညက ကစားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ ပွဲစဉ်မှာ စပိန်အသင်းက ၃-၀ ဖြင့် ဆွီဒင်အသင်းကို အနိုင်ရရှိခဲ့ပါတယ်။ စပိန်အသင်းအတွက် ဂိုးတွေကို ရာမို့စ် ၊ မိုရာတာ ၊ အိုရာဇာဘယ် တို့က သွင်းယူပေးခဲ့ကြပါတယ်။ စပိန်အသင်းက ရမှတ် ၁၂ မှတ်နဲ့ အုပ်စု ဇယားရဲ့  ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

 


11 Jun 2019     1,324 Views




RELATED

Most Popular of Football

Most Popular of Sport