BEC-TERO TV

သာသာလေးလှိမ့်လာတဲ့ ဘောလုံးကို ထိန်းရာကနေ Own Goal ပေးလိုက်ရတဲ့ ဖြစ်ရပ်

11 Jun 2019     1,356 Views


မေဂျာလိဂ်ကလပ် အသင်းတစ်သင်း ဖြစ်တဲ့ San Jose Earthquakes အသင်း ဂိုးသမား ဒန်နီရယ် ဗီဂါဟာ FC Dallas အသင်းနဲ့ ပွဲစဉ်မှာ အံ့အားသင့်ဖွယ် အမှားကနေ Own Goal တစ်ဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။

San Jose Earthquakes  နောက်ခံလူ ဖလော်ရီယန် ဂျန်ဝှစ်ဟာ ပွဲကစားချိန် ၂၆ မိနစ်မှာ ဂိုးသမား ဗီဂါဆီ ဘောလုံး ပြန်ပေးခဲ့ပါတယ်။  အဆိုပါ ဘောလုံးဟာ ဂိုးသမား ဗီဂါဆီက အလွယ်တကူ ဖမ်းယူလို့ ရတဲ့ ဘောလုံးဖြစ်ပေမယ့် မဖမ်းနိုင်ခဲ့ပဲ ခြေထောက်ကြားကနေ လွတ်ထွက် သွားခဲ့ပါတယ်။ ဂိုးသမား ဗီဂါကတော့ အဆိုပါ ဘောလုံးကို ဂိုးနားထိ လိုက်လံ ဖြတ်ထုတ်ခဲ့ပေမယ့် မမှီလိုက်ပဲ ပေးဂိုး ၁ ဂိုး ခွင့်ပြုလိုက်ရပါတယ်။

အဆိုပါ ပေးဂိုး အပြီးမှာတော့ ဆန်ဂျို့စ် အသင်းဟာ ပထမပိုင်း မပြီးခင်မှာပဲ ၂-၀ ဂိုးနဲ့ ရှုံးနိမ့်နေခဲ့ပါတယ်။ သို့သော်လည်း ဒုတိယပိုင်း ပြန်စပြီး ၁၀ မိနစ် အကြာမှာပဲ n Jose Earthquakes အသင်း က ၂ ဂိုးစလုံးကို ပြန်လည်ချေပနိုင်ခဲ့ပြီး ပြန်လည် ချေပနိုင်ခဲ့ပြီး ပွဲအပြီးမှာတော့ ၂-၂ ဂိုး သရေရလဒ်နဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒါပေမယ့်လည်း ဘောလုံး ပရိသတ်တွေကတော့ ဂိုးသမား ဗီဂါရဲ့အမှားကို လူမှုမီဒီယာတွေကနေ လှောင်ပြောင် ခဲ့ကြပါတယ်။ ဒါဟာ မဖြစ်သင့်တဲ့အမှားကြီး လို့ ဝေဖန်ခဲ့ကြပါတယ်။

“ဂိုးသမား တစ်ယောက် အနေနဲ့တော့ ဘောလုံး ပြန်ပေးတာကို သတိထားသင့်ပါတယ်။ လုံးဝကို မဖြစ်သင့်ဘူးလို့ ” အမျိုမျိုး ပြစ်တင်ပြောဆိုခဲ့ကြပါတယ်။


11 Jun 2019     1,356 Views




RELATED

Most Popular of Football

Most Popular of Sport