BEC-TERO TV

ကစားသမား ဘဝ သွင်းဂိုး (၁၀၀) ပြည့်မြောက်ခဲ့တဲ့ အမ် ဘာပေ

12 Jun 2019     1,375 Views


ပြင်သစ်လက်ရွေးစင် ပီအက်စ်ဂျီ တိုက်စစ်မှူး အမ် ဘာပေဟာ ကစားသမား ဘဝ သွင်းဂိုး (၁၀၀) ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ မနေ့က ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ ပြင်သစ်အသင်းက အန်ဒိုရာ အသင်းကို ၄-၀ ဖြင့်အနိုင်ရရှိခဲ့ပြီး ဘာပေက သွင်းဂိုး (၁) ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဘာပေဟာ အသက် (၂၀) အရွယ်မှာပင် သွင်းဂိုး (၁၀၀) ကိုသွင်းယူနိုင်ခဲ့တာကြောင့် အဆိုပါ မှတ်တမ်းဟာ မက်စီ ၊ ရော်နယ်ဒို ထက်တောင်ပိုပြီး ကောင်းမွန်ခဲ့ပါတယ်။

မက်ဆီ၊ ရော်နယ်ဒို တို့ဟာ ဂိုး (၁၀၀)ကို အသက် (၂၂ )နှစ်အရွယ်မှာ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဘာပေ ကတော့ အသက် ( ၂၀ )မှာတင် သွင်းဂိုး ပြည့်မြောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဘာပေဟာ စီနီယာ ကစားသမား ဘဝ ပွဲပေါင်း ၁၈၀ ကစားထားခဲ့ပြီး မိုနာကို အတွက် ၂၇ ဂိုး ၊ ပီအက်စ်ဂျီ အတွက် ဂိုး ၆၀  နဲ့ ပြင်သစ် အတွက် ၁၃ ဂိုး ၊ စုစုပေါင်း ဂိုး ၁၀၀ သွင်းယူ နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

ပြင်သစ်အသင်းက ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စု F မှာ တူရကီ ၊ အိုက်စလန် ၊ အာဘေးနီယား ၊ မော်ဒိုက် ၊ အန်ဒိုရာ အသင်းတို့ ပါဝင်ခဲ့ပါတယ်။ လက်ရှိမှာ ၄ ပွဲစီကစားထားပြီး ပြင်သစ်အသင်းက  ရမှတ် ၉ မှတ် ဂိုးအသာဖြင့် အုပ်စု ပထမနေရာမှာ ရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့အပါတ်က ပြင်သစ်အသင်းဟာ တူရီကီအသင်းကို ၂-၀ ဖြင့်ရှုံးနိမ့်ခဲ့ပြီး ဂိုးပေါက်တည့်မှတ်မှု တစ်ကြိမ်မှ မရှိခဲ့ပဲ ၁၀ နှစ်တာ သမိုင်းတစ်လျှောက် အဆိုးဆုံး ဖြစ်ရပ်နဲ့ ကြုံတွေ့ ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ် ဒီနေ့မှာ အန်ဒိုရာ အသင်းကို ၄ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။ ပြင်သစ်အသင်းအတွက် ဂိုးတွေကို ဘာပေ ၊ ဗန်ရီဒါ ၊ သော်ဗင် နှင့် ဇူးမား တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။


12 Jun 2019     1,375 Views




RELATED

Most Popular of Football

Most Popular of Sport