BEC-TERO TV

မူးယစ်ဆေးသုံးစွဲချင်ခဲ့မိကြောင်းနဲ့ အနုပညာလောကမှနှုတ်ထွက်တော့မယ့်အကြောင်း ပြောလာတဲ့ B.I

12 Jun 2019     1,336 Views


တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော်ကေပေါ့ပ်အဆိုတော်အဖွဲ့ Ikon မှ အဖွဲ့ခေါင်းဆောင် B.I ဟာ မူးယစ်ဆေးဝယ်ယူဖို့ ကြိုးစားခဲ့ကြောင်း Dispatch သတင်းမီဒီယာရဲ့ ဖော်ထုတ်ခြင်းကို ခံခဲ့ရပါတယ်။ B.I တစ်ယောက် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ အမည်မသိလူတစ်ဦး Mr.A ထံမှ LSD နဲ့ Marijuana အမည်ရှိ မူးယစ်ဆေးဝါးတွေကို kakaotalk မှတစ်ဆင့် ဝယ်ယူဖို့ မေးမြန်းခဲ့ပါတယ်။ ဒီကိစ္စနဲ့ စပ်လျဉ်းပြီး B.I ရဲ့ အေဂျင်စီ YG Entertainment က ငြင်းဆိုထားပေမဲ့ B.I ကတော့ သူကိုယ်တိုင် အမှားကျူးလွန်ခဲ့တာဖြစ်ကြောင်း အတိအလင်းဝန်ခံလိုက်ပါပြီ။ B.I တစ်ယောက် မူးယစ်ဆေး သုံးစွဲမှုနဲ့ ပတ်သတ်ပြီး ဘယ်လိုဝန်ခံသွားတယ်ဆိုတာ သိရှိဖို့ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Ikon အဖွဲ့ခေါင်းဆောင် B.I ဟာ မူးယစ်သုံးစွဲမှုနဲ့ စပ်လျဉ်းပြီး သူ၏ အင်စတာဂရမ်မှတစ်ဆင့် ပရိတ်သတ်ထံသို့ တောင်းပန်စာရေးသားခဲ့ပါတယ်။

“မင်္ဂလာပါ ကျွန်တော် ကင်မ်ဟန်ဘင်းပါ ၊ ပထမဦးဆုံးအနေနဲ့ ကျွန်တော့်အပြုအမူတွေဟာ ပရိတ်သတ်ကိုစိတ်ပျက်စေခဲ့မိလို့ စိတ်ရင်းအမှန်နဲ့ အနူးအညွတ်တောင်းပန်ပါရစေ။ အဲ့အချိန်တုန်းက ကျွန်တော်ရုန်းကန်နေရင်းလမ်းပျောက်နေခဲ့တာပါ၊ ဒါကြောင့် ကိုယ်တစ်ခါမှမလုပ်ဖူးတဲ့ အရာမျိုး စမ်းလုပ်ကြည့်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ကျွန်တော့်ကို တစ်ချိန်လုံး ယုံကြည်မှုအပြည့်အဝပေးအပ်ခဲ့တဲ့ Ikon အဖွဲ့ဝင်တွေနဲ့  ကျွန်တော့်ပရိတ်သတ်တွေကို မျက်နှာတောင် မပြဝံ့တော့ပါဘူး။ အရမ်းလဲ ရှက်မိပါတယ်။ တောင်းလဲတောင်းပန်ပါတယ်။ ဒီအတွက် ကျွန်တော်ကပဲ တာဝန်ယူပြီး ကျွန်တော့်အမှားတွေအတွက် အဖွဲ့ကနေ နှုတ်ထွက်ဖို့စီစဉ်ထားပါတယ်။ နောက်ထပ်တစ်ကြိမ် ကျွန်တော့် အဖွဲ့ဝင်တွေနဲ့ ပရိတ်သတ်တွေကို အနူးအညွတ်တောင်းပန်ကြောင်း ထပ်မံပြောကြားပါရစေ” ဆိုပြီးရေးသားထားပါတယ်။

B.I ဟာ မိခင်နဲ့ အရွယ်မရောက်သေးတဲ့ ညီမလေးကို ကျွေးမွေးစောင့်ရှောက်တဲ့ သားလိမ္မာတစ်ယောက်အဖြစ် ပရိတ်သတ်တွေရဲ့ လေးစားချစ်ခင်မှုကိုရရှိထားသူတစ်ဦးပဲဖြစ်ပါတယ်။ Ikon သီဆိုထားတဲ့ သီချင်းအများစုဟာ B.I ရေးသားထားတာဖြစ်ပြီး သူထွက်ခွာသွားပြီးနောက် Ikon နဲ့ B.I ရဲ့ ကံကြမ္မာ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။

(ပိုပိုလေး)

 

 

 

 


12 Jun 2019     1,336 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS