BEC-TERO TV

ဒိတ်ဒိတ်ကြဲတိုက်စစ်မှူးတွေကို ခေါ်ယူဖို့ကမ်းလှမ်းလာတဲ့ တန်းတက် ရှက်ဖီးယူနိုက်တက်အသင်း

14 Jun 2019     1,302 Views


၂၀၁၉-၂၀ ပရီးမီးယားလိဂ်မှာ တန်းတက်မည့် ရှက်ဖီးယူနိုက်တက်အသင်းဟာ တန်ပြန်မဆင်းရဖို့ နာမည်ကြီး တိုက်စစ်ကစားသမားများကို ခေါ်ယူသွားဖို့ရှိပါတယ်။ ရှက်ဖီးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်း၏ တောင်ပံကစားသမားဟောင်း ဖရန့်ရီဘာရီ ကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မန်ယူကစားသမားဟောင် ဗလင်စီယာ ကိုလည်းခေါ်ယူနိုင်ဖို့ကြိုစားနေပါတယ်။

အသက် (၃၆) နှစ်အရွယ် ပြင်သစ်တောင်ပံကစားသမားကြီးဟာ အသက်ကြီးပေမယ့် ကြံခိုင်မှု အပြည့်အဝနဲ့ ဂိုးတွေသွင်းယူနိုင်ဆဲ့ ဖြစ်တာကြောင့် ရှက်ဖီးအသင်းက ခေါ်ယူလိုခြင်း ဖြစ်ပါတယ်။ ရီဘာရီဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ၁၂ ရာသီကြာကစားထားခဲ့ပြီး အားထားရတဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ ရီဘာရီအနေနဲ့ ဘောလုံးလောက ကနေအနားမယူချင်သေးဘူးလို့ ဖွင့်ဟထားတာဖြစ်ပြီး ကမ်းလှမ်းမှုတွေကိုလည်း စောင့်ကြိုနေဆဲဖြစ်ပါတယ်။

ရီဘာကို သြစတြေးလျကလပ် ၊ ကာတာ ကလပ်တွေက ခေါ်ယူဖို့ ကမ်းလှမ်းခြင်းခံထားရပြီး ပရီးမီးယားလိဂ် ရှက်ဖီးယူနိုက်တက်ကပါ အံ့အားသင့်ဖွယ် ကမ်းလှမ်းလာတယ်လို့ သိရပါတယ်။ယနေ့ မနက်သတင်းအရ မန်ယူအသင်းခေါင်းဆောင်ဟောင်း အသက် ၃၃ နှစ်အရွယ် ဗလင်စီယာကို ကမ်းလှမ်းချင်တဲ့ အသင်းတွေထဲ့မှာ ရှက်ဖီးယူနိုက်တက်အသင်းလည်း ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။

အဆိုပါကစားနှစ်ဦးစလုံးဟာ နောက်ရာသီမှာ အသင်းနှင့် စာချုပ်ကုန်ဆုံးပြီဖြစ်တာကြောင့် အလွတ်ပြောင်းရွေ့ ကြေးဖြင့် ခေါ်ယူနိင်မှာဖြစ်ပါတယ်။


14 Jun 2019     1,302 Views




RELATED

Most Popular of Football

Most Popular of Sport