BEC-TERO TV

စိတ်ဆိုးပြီး တစ်နှစ်သား ကလေးကို ခြောက်လွှာကနေလွှင့်ပစ်ချရာ သေဆုံး

19 Jun 2019     1,372 Views


တရုတ်နိုင်ငံတွင် ပြီးခဲ့တဲ့ သောကြာနေ့ ညပိုင်းက အသက် ၁ နှစ်အရွယ် သားအရင်းကို အထပ်မြင့်နေအိမ် ၆ လွှာကနေ လွှင့်ပစ်ချခဲ့တာကြောင့် ကလေးသေဆုံးသွားတဲ့အတွက် ဖခင်ဖြစ်သူကို ရဲအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
 
 
“ကျန်း” အမည်ရှိ အသက် ၂၉ နှစ်အရွယ် အမျိုးသားက စီချွမ်းစီရင်စုရှိ နေအိမ်တွင် သူ့ရဲ့မိခင်ဖြစ်သူနဲ့ ငွေရေးကြေးရေးကိစ္စ စကားများခဲ့ပြီးနောက် ဒေါသထွက်ကာ ကလေးကို တိုက်ခန်း ပြတင်းပေါက်ကနေ လွှင့်ပစ်ခဲ့တာဖြစ်ပါတယ်။
 
“ကျန်း”ဟာ တက္ကစီမောင်းသမားဖြစ်ပြီး ဇွန်လ ၁၄ ရက်နေ့ ဉာဉ့်နက်ချိန်မှ အလုပ်သိမ်းရာကနေ အိမ် ပြန်လာခဲ့ပြီး နေအိမ်တွင် သူ့ရဲ့ ၁ နှစ်အရွယ် သားငယ်လေးနဲ့ ဆော့ကစားနေခဲ့ပါတယ်။ အဲဒီအချိန်မှာ အတူတူနေထိုင်သူ “ကျန်း” ရဲ့မိခင်က အခန်းထဲမှ ထွက်လာပြီး ကလေးနဲ့ပက်သက်လို့ ရှေ့ရေးအတွက် ငွေရေးကြေးရေးကိစ္စတွေ နင်ဘယ်လို စီစဉ်ထားလဲလို့ မေးမြန်းရာမှ သားအမိနှစ်ယောက် အချေအတင် စကားများခဲ့ကြပါတယ်။
 
 
အဲဒီနောက် “ကျန်း” က ဒေါသအရမ်းထွက်သွားပြီး “ဒီလောက်တောင် ဖြစ်လှတာကွာ” ဆိုကာ ကလေးကို ကောက်မပြီး တိုက်ခန်း ပြတင်းပေါက်ကနေ အပြင်ကို လွှင့်ပစ်လိုက်ပါတယ်။ မျှော်လင့်မထားတဲ့ မြင်ကွင်းကြောင့် ဖွားအေဖြစ်သူ ထိတ်လန့်သွားပြီး တိုက်အောက်ကို အမြန်ဆင်းကြည့်ခဲ့ရာ ကလေးမှာ သေဆုံးနေခဲ့တာကို တွေ့ခဲ့ရပါတယ်။ ကလေးအလောင်းကို ကြည့်ကာ ဝမ်းနည်းပက်လက် ငိုနေတဲ့ ဖွားအေ ဖြစ်သူရဲ့ ရုပ်သံ တရုတ်လူမှုကွန်ယက်ပေါ် ပျံ့နှံ့ခဲ့ပါတယ်။
 
 
အဖြစ်ပျက်ကြောင့် “ကျန်း” ကို ရဲအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ “ဘယ်လိုကိစ္စနဲ့ စကားများများ အပြစ်မရှိတဲ့ ကလေးကိုတော့ ဒီလို မလုပ်သင့်ဖူး” လို့ ဝိုင်းပြီး ဝေဖန်ပြောဆိုနေကြပါတယ်။ ဒေါသဆိုတာ ပျက်ဆီးခြင်းကိုသာ ဖြစ်စေပြီး ဒီအဖြစ်ပျက်အတွက် “ကျန်း” ဟာ တစ်သက်စာ နောင်တရနေမှာ သေချာပါတယ်။

 


19 Jun 2019     1,372 Views




RELATED

Most Popular of Special or Others

Most Popular of NEWS