BEC-TERO TV

၂ နှစ်သမီးလေးအတွက် ကံဆိုးမိုးမှောင်ကျခဲ့တဲ့ ‘အဖေများနေ့’

19 Jun 2019     1,471 Views


အဖေများနေ့မို့ အခြားသော သားအဖတွေ ပျော်ရွှင်နေကြချိန်မှာ စင်ကာပူနိုင်ငံက အသက် ၂ နှစ်အရွယ် သမီးလေးဟာ ဖခင်အရင်းဖြစ်သူရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။ ဖခင်ဟာ သမီးကို အသက်ရှုမွန်းကျပ်အောင် လုပ်ကာ သတ်ခဲ့ပြီးနောက် သူ့ကိုယ်သူလည်း ဓားနဲ့ လည်ပင်းကို လှီးကာ အဆုံးစီရင်ခဲ့ပါတယ်။ ဒါပေမယ့် ဒဏ်ရာကြောင့် သူဟာ မသေခဲ့ပဲ ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။
 
‘ဂျွန်ဘွိုင်း’ (၃၅ နှစ်) နဲ့ ဇနီးဖြစ်သူ ‘အီလန်း’ တို့ဟာ အိမ်ထောင်ကွဲနေကြပြီး သူတို့မှာ ‘အက်ရှ်လေ’ ဆိုတဲ့ ၂ နှစ်အရွယ် သမီးလေးတစ်ယောက်ရှိပါတယ်။ ကလေးဟာ မိခင်နဲ့ အတူနေထိုင်နေတာ ဖြစ်ပါတယ်။ 
 
ဇွန်လ ၁၆ ရက်နေ့ ‘အဖေများနေ့’ မှာတော့ ‘ဂျွန်ဘွိုင်း’ က သမီးလေးနဲ့ လျှောက်လည်ပါရစေလို့ ခွင့်ပန်တဲ့အတွက် မိခင်ဖြစ်သူက ‘အဖေများနေ့’ မှာ သားအဖနှစ်ယောက် အတူရှိနေပါစေဆိုတဲ့ ချွင်းချက်နဲ့ လိုက်လျောခဲ့မိပါတယ်။ (ဒါဟာ သမီးလေးကို သေမင်းလက်ထဲ အပ်လိုက်မိတာပါပဲ)
 
 
ဒါပေမယ့် ညနေ ကလေးကို ပြန်ပို့ရမယ့်အချိန် ရောက်လာတဲ့ထိ ကလေးပြန်မရောက်လာတာကြောင့် ‘အီလန်း’ က စိတ်ပူပြီး ‘ဂျွန်ဘွိုင်း’ နေထိုင်ရာ နေအိမ်ကို လိုက်သွားခဲ့ရာ အခန်းထဲမှာ သမီးလေးက သေဆုံးနေပြီး ‘ဂျွန်ဘွိုင်း’ ကတော့ ဒဏ်ရာတွေနဲ့ လဲကျနေတာကို တွေ့ခဲ့ရပါတယ်။ သက်ဆိုင်ရာကို အကြောင်းကြားပြီးနောက် နှစ်ယောက်စလုံးကို ဆေးရုံပို့ခဲ့ရာ သမီးလေး သေဆုံးကြောင်း ဆရာဝန်တွေက အတည်ပြုခဲ့ပြီး ဖခင်ဖြစ်သူကတော့ အသက်ရှင်နေခဲ့ပါတယ်။
 
ဒီအဖြစ်ပျက်ကြောင့် အိမ်နားနီးချင်းတွေက အံ့သြထိတ်လန့်ခဲ့ကြပါတယ်။ ‘ဂျွန်ဘွိုင်း’နဲ့ ဇနီးကို သူတို့ ရင်းနှီးခဲ့တာ ကြာပြီဖြစ်ပြီး ‘ဂျွန်ဘွိုင်း’ အနေနဲ့ အခုလို ရက်စက်တဲ့ လုပ်ရပ်မျိုး လုပ်လိမ့်မယ်လို့ မထင်ခဲ့မိကြောင်း ပြောပြကြပါတယ်။
 
 
သမီးလေး ‘အက်ရှ်လေ’ ဟာ လာမယ့် အောက်တိုဘာလမှာ အသက် ၃ နှစ်ပြည့်မှာဖြစ်ပြီး အဲဒီမွေးနေ့ပွဲအတွက်လည်း အစီစဉ်တွေအားလုံး လုပ်ထားပြီးပြီလို့ မိခင်ဖြစ်သူ ‘အီလန်း’ က ဝမ်းနည်းကြေကွဲစွာ ပြောပြခဲ့ပါတယ်။

19 Jun 2019     1,471 Views




RELATED

Most Popular of Special or Others

Most Popular of NEWS