BEC-TERO TV

စတိတ်စင်ပေါ်မှာသာအဆင်ပြေပြီးပြင်ပမှာဝတ်ဖို့ ဘယ်လိုမှ မသင့်တော်တဲ့ ကေပေါ့ပ်အိုက်ဒေါတို့ရဲ့ အဝတ်အစားများ

24 Jun 2019     1,387 Views


Kpop idols အဆိုတော်များကို အာရှနိုင်ငံတွေမှာသာမက အနောက်နိုင်ငံတွေကပါ လက်ခံအားပေးနေကြပြီပဲဖြစ်ပါတယ်။ kpop idols တွေဟာ အဆို၊ အက အဖက်ဖက်က ပြီးပြည့်စုံဖို့ ကြိုးစားနေရုံသာမက ဖက်ရှင်ပိုင်းမှာလဲ တစ်မူထူးနိုင်အောင် ပြင်ဆင်မှုမျိုးတွေပြုလုပ်ကြရပါတယ်။ kpop idols တွေရဲ့ stylists တွေဟာ ကိုယ့် idols ကို သူများထက်ပိုမိုပေါ်လွင်စေဖို့ ဝတ်စားဆင်ယင်ပေးရတာဖြစ်ပါတယ်။ သို့ပေမဲ့တချို့သော Stylists တွေရဲ့ ဆင်ယင်မှုဟာ စင်ပေါ်ဖျော်ဖြေနေစဉ်သာ ဝတ်ဆင်ဖို့ သင့်တော်ပြီး ပြင်ပမှာဝတ်ဆင်ဖို့ ဘယ်လိုမှ မသင့်တော်တာမျိုးတွေ တွေ့ရှိရပါတယ်။ ပြင်ပမှာ ဝတ်စားဖို့ မသင့်တော်တဲ့ kpop idols တွေရဲ့ အဝတ်အစားက ဘယ်လိုဖြစ်မလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

၁။ Red Velvet အဖွဲ့ရဲ့ မီနီစကတ်

Red Velvet အဖွဲ့ဝင်တွေ ဝတ်ဆင်ခဲ့တဲ့ မီနီစကတ်ဟာဆိုရင် ရှေ့ကကြည့်ရင်တော့ဒီတိုင်း ရိုးရိုးရှင်းရှင်းစကတ်ဖြစ်ပေမယ့် အနောက်ကကြည့်ရင်တော့ ဘောင်းဘီအတိုဖြစ်လို့နေပါတယ်။

ဒါဟာ ဖျော်ဖြေစဉ် ဝတ်ဖို့ သင့်တော်ပေမဲ့ ပြင်ပမှာ ဝတ်ဆင်ဖို့ ဘယ်လိုမှ မသင့်တော်နိုင်ဘူးလို့ ပရိတ်သတ်တွေ မှတ်ချက်ပေးခဲ့ကြပါတယ်။

 

၂။ Jhope ရဲ့ Love Yourself Concept မှအင်္ကျီ

Love Yourself: Answer concept မှ Jhope ဝတ်ဆင်ထားတဲ့ အင်္ကျီဟာဆိုရင် သာမန်လူတစ်ယောက်အနေနဲ့ ဝတ်ဆင်ဖို့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။

၃။ Key ရဲ့ အဖိုးကြီးစတိုင်ဝတ်စုံ

Shinee အဖွဲ့ဝင် Key ဟာ retro-chic ရှပ်အင်္ကျီအပေါ်က ကုတ်အကျီင်္ကို ထပ်ထားတဲ့ ဖက်ရှင်ကို ဝတ်ဆင်ထားတာပါ။ ဒီဖက်ရှင်ဟာ အသစ်အဆန်းမဖြစ်စေပဲ အဖိုးရဲ့ အဝတ်အစားကို မြေးက ယူဝတ်သလို ပုံစံမျိုးဖြစ်နေပါတယ်။

၎။ Seunghoon ရဲ့ လမ်းမထက်က ဖက်ရှင်

Winner အဖွဲ့ဝင် Seunghoon ဟာဆိုရင် အဝတ်အစားတွေ အများကြီးထပ်ပြီး ဝတ်ဆင်ရတာ ကြိုက်နှစ်သက်သူတစ်ဦးပဲဖြစ်ပါတယ်။ သူ့ဖက်ရှင်ကလဲ လူတွေ လိုက်ဝတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

၅။ Jisoo နဲ့ leg brace

Blackpink အဖွဲ့ဝင် Jisoo ကိုဝတ်ဆင်ပေးထားတဲ့ leg brace ဟာဆိုရင် Jisoo အတွက်လဲ သက်တောင့်သက်သာ မဖြစ်စေသလို မြင်ရသူအတွက်လဲ ကြည့်ရတာ သက်တောင့်သက်သာမဖြစ်စေပါဘူး။

၆။ Youngjae ရဲ့ airport ဖက်ရှင်

လေဆိပ်မှာ ဒီလို ဝတ်စုံအနက်နဲ့ လူကြီးကိုတွေ့ရမယ်ဆိုရင် ဘယ်သူမဆို လန့်ပြီး လုံခြုံရေးကို တိုင်ကြားမိမှာပါနော်။ ဒီဝတ်စုံဝတ်ထားတဲ့ လူဟာ Youngjae ဖြစ်နေတာကြောင့် လန့်စရာမကောင်းတော့တာပါ။

၇။ Taemin ရဲ့ တစ်ဝက်အင်္ကျီ

Shinee အဖွဲ့ဝင် Taemin ဟာဆိုရင် အကသမားတစ်ယောက်ဖြစ်တာကြောင့် သူ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံဟာ မော်ဒယ်တစ်ယောက်နဲ့ တူနေပါတယ်။ ဘာဝတ်ဝတ် တင့်တယ်နေပေမယ့် ဒီတစ်ခြမ်းထဲ ပါရှိတဲ့ ဖက်ရှင်ကိုတော့ ပရိတ်သတ်တွေ အကြိုက်မတွေ့ခဲ့ကြပါဘူး။

၈။ G-Dragon နှင့် သူ၏ ဖက်ရှင်များ

Big Bang အဖွဲ့ခေါင်းဆောင်လို့ သိကြတဲ့ G-dragon ဟာ kpop ရဲ့ ဖက်ရှင်ကို ဦးဆောင်နေသူတစ်ဦးဖြစ်ပါတယ်။ တစ်မူထူးခြားတဲ့ GD ရဲ့ဖက်ရှင်တွေက သူဆိုတာဖော်ပြနေသလို GD ဆိုတာနဲ့ လူတွေကလဲ သူ့ဖက်ရှင်အသစ်အဆန်းတွေကို မျက်လုံးထဲ တန်းမြင်နေကြပါပြီ။ GD ဟာ ရှိုးပွဲတွေမှာသာမက ပြင်ပမှာလဲ ဖက်ရှင် အသစ်အဆန်းတွေ ပြသလေ့ရှိတာကို လေဆိပ်မှာ တွေ့ရတဲ့ အောက်ပါပုံရိပ်တွေမှာ ကြည့်ရှုနိုင်ပါတယ်။

Kpop idols တွေရဲ့ ဖက်ရှင်အဝတ်အစားတွေဟာ အမှန်တကယ်ပဲ ပြင်ပမှာ ဝတ်စားဖို့ သင်တော်မနေပါဘူးနော်။

(ပိုပိုလေး)

 

 

 


24 Jun 2019     1,387 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS