BEC-TERO TV

လူကုံထံ သူဋ္ဌေးများကိုဖျော်ဖြေဖို့ အပျော်မယ်ရှာပေးမှုနဲ့ ရဲစခန်းမှာ စစ်ဆေးခံခဲ့ရတဲ့ PSY

24 Jun 2019     1,338 Views


တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော်အဆိုတော်တစ်ဦးလဲဖြစ်၊ ကမ္ဘာကျော်ခဲ့တဲ့ သီချင်း Gangnam Style ရဲ့ အဆိုရှင် Psy ဟာဆိုရင် ယခင်က YG Entertainment မှ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ YG Entertainment မှ CEO ဟောင်း Yang Hyun Suk ဟာဆိုရင် ဆိုးလ်မြို့ လူကုံထံများနေထိုင်ရာ ဂန်းနမ်အရပ်ရှိ ကလပ်တော်တော်များများမှာ ရှယ်ယာများဝင်ထားခဲ့ပြီး အခွန်ရှောင်ထားခဲ့ပါတယ်။ Yang Hyun Suk ဟာ အခွန်ရှောင်ရုံသာမက ကလပ်များမှာ လာရောက်တဲ့ လူကုံထံ သူဋ္ဌေးတွေကို အပျော်မယ်များကို ရှာဖွေပေးခဲ့ကြောင်း သတင်းများထွက်ရှိလာပြီး ရဲဘက်မှ Yang Hyun Suk ကိုစုံစမ်းစစ်ဆေးဖို့ စတင်ခဲ့ပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Seoul Metropolitan Police Agency ဟာ ဇွန်လ၊၂၄ ရက်နေ့မှာ YG CEO ဟောင်း Yang Hyun Suk နဲ့ စပ်လျဉ်းပြီး Psy ကို ပြီးခဲ့တ ဇွန်လ ၁၆ ရက်နေ့က ရုံးတော်ခေါ်ယူစစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ကြေညာလာပါတယ်။

ဧပြီ ၂၇ မှာ MBC သတင်းဋ္ဌာနမှ Yang Hyun Suk နဲ့ YG Entertainment မှ နာမည်ကြီးအဆိုတော် တစ်ဦး ဟာ ၂၀၁၄၊ ဇူလိုင်လမှာ ဈေးကြီးတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို ငှားရမ်း ပြီး လူကုံထံတွေကိုဖျော်ဖြေဖို့ အပျော်မယ်တွေရှာပေးခဲ့ကြောင်းကို ဖော်ထုတ်ခဲ့ပါတယ်။

ဆိုးလ်မြို့ရှိ ရဲများဟာ ဒီအမှုရဲ့ အရင်းအမြစ်ကို စုံစမ်းစစ်ဆေးဖို့ Psy အပြင် နောက်ထပ် ပူးပေါင်းပါဝင်သူ အမျိုးသမီး Madam Jung ကိုလဲ စစ်ဆေးဖို့ ဆင့်ခေါ်ခဲ့ပါတယ်။ Madam Jung ကတော့ အပျော်မယ် ရှာဖွေရာမှာ အပျော်မယ်အမျိုးသမီးများကို အဓိက ကူညီပံ့ပိုးပေးသူဖြစ်ပါတယ်။

Psy နဲ့ Madam Jung တို့ကို စစ်ဆေးမေးမြန်းပြီး ထွက်ဆိုလာတဲ့အဖြေစကားတွေအရ ရဲစခန်းမှ YG CEO ဟောင်း Yang Hyun Suk ကို ရှေ့လျောက်ဆက်လက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

Source-allkpop

(ပိုပိုလေး)

 

 


24 Jun 2019     1,338 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS