BEC-TERO TV

လာမည့်ရာသီ ချဲလ်ဆီးအသင်းမှာ ကစားခွင့်ရရှိမည့် လူငယ် ဂိုးသွင်းစက်တစ်ဦး

24 Jun 2019     1,310 Views


ချဲလ်ဆီးအသင်း၏ အသက် ၂၁ နှစ်အရွယ် လူငယ်တိုက်စစ်မှူး တေမီ အေဗရာဟန်ဟာ လာမည့်ရာသီမှာ ချဲလ်ဆီးအသင်းမှာသာဆက်ရှိနေပြီး နေရာတစ်နေရာရရှိဖို့အတွက် တိုက်ပွဲဝင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဗီလာအသင်းကို အငှားသွားရောက်ကစားခဲ့ပြီး သွင်းဂိုးတွေသွင်း ခြေစွမ်းပြကစားထား နိုင်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းက နည်းပြ ဆာရီ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွေ့ ကိုင်တွယ်ခဲ့တာကြောင့် လာမည့်ရာသီမှာ ကစားသမားဟောင်း လမ်းပတ်ကို နည်းပြအဖြစ်ခန့်ထားဖို့ သတင်းတွေကို ထွက်ပေါ်နေတာဖြစ်ပါတယ်။ လမ်းပတ်ဟာ လူငယ်တွေကို ဦးစားပေးတဲ့ နည်းပြတစ်ဦးဖြစ်တာကြောင့် အေဗရာဟန်အတွက် အခွင့်အရေးတစ်ရပ် ဖြစ်လာနိုင်ပါတယ်။

“ဖရန့် လမ်ပတ်ဟာ တစ်ကယ်ထူးချွန်တဲ့ နည်းပြတစ်ဦးပါ၊ သူလည်း ကျွန်တော်အကြောင်းကို ကောင်းကောင်းသိပါတယ်။ ကျွန်တော့် သူလက်အောက်မှာ အကောင်းဆုံးကစားနိုင်ဖို့ ယုံကြည်ပါတယ်။ ချဲလ်ဆီးအသင်း အကယ်ဒမီဟာ  ကောင်းမွန်တဲ့ အကယ်ဒမီတစ်ခုဖြစ်ပြီး ကစားသမားတွေကို နောက်တစ်ဆင့်ကို ခြေလှမ်းစနိုင်ဖို့ အခွင့်အရေးကောင်းတွေလည်း အမြဲရှိပါတယ်။ ချဲလ်ဆီးအသင်းကို ဘယ်နည်းပြပဲ ကိုင်တွယ် ကိုင်တွယ် ကျွန်တော့်ကတော့ အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ဖို့ ကြိုးစားသွားမှာပါ ”လို့  ဒီညကစားမည့် ခရိုအေးရှားနှင့်ပွဲစဉ်မတိုင်မီမှာ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက အငှားချထားတဲ့ ကစားသမား ၄၁ ဦးအထိရှိခဲ့ပြီး သက်ဆိုင်ရာကလပ်တွေမှာ ခြေစွမ်းပြကစားနိုင်တဲ့ ကစားသမားတွေလည်း အများအပြားပေါ်ထွက်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ကစာသမားခေါ်သမား ခေါ်ယူခွင့် ၂ ကြိမ်တိုင်ပိတ်ခံထားရတာကြောင့် အငှားသွားရောက်ကစားနေတဲ့ လူငယ်ကစားသမားတွေအဖို့ အခွင့်အရေးတစ်ရပ်ဖြစ်လာနိုင်ပါတယ်။ အေဗရာဟန်ဟာ ပြီးခဲ့တဲ့ ရာသီက ဗီလားအသင်းကို တန်းတက်နိင်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပြီး ဗီလာအသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၃၇ ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။


24 Jun 2019     1,310 Views




RELATED

Most Popular of Football

Most Popular of Sport