BEC-TERO TV

မိုးတွင်းမှာ ချောင်းကိုဖြတ်ပြီး ကလေးတွေကို ခက်ခက်ခဲခဲ ကျောင်းပို့ပေးတဲ့ မိဘ(ရုပ်သံ)

24 Jun 2019     2,404 Views


အခုဆိုရင် မြန်မာနိုင်ငံမှာလည်း မိုတွင်း ကလေးတွေကျောင်းဖွင့်တဲ့ ရာသီဖြစ်သလို အာရှအိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ ဗီယက်နမ်နိုင်ငံမှာလည်း မိုးရာသီ၊ ကလေးတွေ ကျောင်းစတက်နေရတဲ့အချိန်ဖြစ်ပါတယ်။
 
ဗီယက်နမ်နိုင်ငံရဲ့ အစွန်အဖျားရွာလေးတစ်ရွာဖြစ်တဲ့ ‘ဟွိုင်ဟာ’ ရွာလေးမှာ အခုလိုအချိန်ဆိုရင် ချောင်းရေလျှံပြီး ရေစီးသန်ပါတယ်။ ဒါ့အပြင် ချောင်းရေတွေကလည်း ရွံရေတွေမို့ နစ်သွားခဲ့ရင် ကလေးတွေအတွက် သိပ်မလွယ်ပါဘူး။ စာသင်ကျောင်းက ချောင်းရဲ့တစ်ဖက်ကမ်း နောက်ထပ် ၁၅ ကီလိုမီတာလောက်မှာရှိတာမို့  ရွာက ကလေးတွေ ကျောင်းသွားတဲ့အခါ ချောင်းကို ဖြတ်ပြီးမှ သွားရပါတယ်။ 
 
မိုးတွင်းမဟုတ်တဲ့ အခြားအချိန်တွေမှာတော့ ချောင်းပေါ်ကို ဖြတ်ပြီး ထိုးထားတဲ့ ယာယီတံတားလေးတွေကနေ ဒါမှမဟုတ် ချောင်းထဲကနေ ဖြတ်သွားလို့ ဘေးအန္တရာယ်ကင်းပေးမယ့် အခုအချိန်ကတော့ ရေစီးသန်တဲ့အတွက် အန္တရာယ်ရှိပါတယ်။
 
ဒီအတွက် ကလေးတွေကို ချောင်းရဲ့ တစ်ဖက်ကမ်းကို ဘေးကင်းအောင် ပို့ပေးနိုင်တဲ့ အမျိုးသားတစ်ဦးကို ကျောင်းသာမိဘတွေစုပြီး ငှားလိုက်ပါတယ်။ သူက ကလေးတွေကို လေလုံတဲ့ နိုင်လွန်ပလပ်စတစ်အိတ်ကြီးထဲထည့်ပြီး ဟိုဘက်ဒီဘက် မီတာ ၂၀ လောက် ကျယ်တဲ့ ချောင်းကို ဖြတ်ကူးပြီး တစ်ယောက်ခြင်းစီကို ပို့ပေးပါတယ်။ 
 
 
မိဘတွေက ကိုယ့်သားသမီးလေးတွေ တစ်ဖက်ကမ်းကို မရောက်မခြင်း စိုးတထိတ်ထိတ်နဲ့ စောင့်ကြည့်နေကြရပါတယ်။ ကလေးတွေ တစ်ဖက်ကမ်းကို ရောက်သွားတဲ့အခါ ကျောင်းကို ရောက်ဖို့ နောက်ထပ် ၁၅ ကီလိုမီတာလောက် လမ်းလျှောက်ကြရပါသေးတယ်။
 
 
ဒီလိုမျိုး ပလတ်စတစ်အိတ်ကြီးထဲ ကလေးတွေကို ထည့်ကာ ချောင်းကို ဖြတ်ကူးနေတဲ့ ပုံတွေ အင်တာနက်မှာ ပျံ့ခဲ့ပြီးနောက် အခုလို အခက်အခဲတွေကြားထဲကနေ ကလေးတွေရဲ့ ပညာရေးအတွက် ကြိုးစားတီထွင်ခဲ့ကြတဲ့ မိဘတွေကို အားလုံးက ဝိုင်းပြီး ချီးမွမ်းနေကြပါတယ်။ တစ်ကယ်တော့ ဒီနည်းလမ်းကို သူတို့သုံးခဲ့ကြတာ ကြာပြီဖြစ်ပါတယ်။
 
 
မြန်မာနိုင်ငံမှာလဲ အခုလို အဖြစ်အပျက်နဲ့ တိုက်ဆိုင်တဲ့ ဒေသတွေ ရှိနေမယ်ဆိုရင် ဒီနည်းလမ်းလေးနဲ့ ဖြေရှင်းနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
 

24 Jun 2019     2,404 Views




RELATED

Most Popular of Special or Others

Most Popular of NEWS