BEC-TERO TV

ပင်နယ်တီဧရိယာအတွင်းမှာ ဂိုးသမားလက်ထိတဲ့အတွက် ပင်နယ်တီတောင်းဆိုခဲ့တဲ့ ဆွာရက်ဇ်

25 Jun 2019     1,345 Views


မနေ့က ကစားခဲ့တဲ့ ကိုပါအမေရိက ပွဲစဉ်မှာ ဥရုဂွေးတိုက်စစ်မှူးကြီး ဆွာရက်ဇ်ဟာ ချီလီဂိုးသမား ဂါဘရီရယ်အာရီရက် နဲ့ထိပ်တက်တွေ့ ဆုံစဉ်မှာ ချီလီဂိုးသမားဟာ လက်နဲ့ဘောလုံးကိုကာကွယ်လိုက်ချိန်မှာ ဆွာရက်ဇ်က ဂိုးသမားလက်ထိတဲ့အတွက် ပင်နယ်တီသတ်မှတ်ပေးဖို့ တောင်ဆိုသွားခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဥရုဂွေး တိုက်စစ်မှူး ဆွာရက်ဇ် က ဂိုးသွင်းယူဖို့ ကြိုးပမ်းချိန်မှာ  ချီလီဂိုးသမား ဂါဘရီရယ်အာရီရက်က ဘေးထွက်ဖမ်းခဲ့ပြီး ဆွာက်ရက်က တစ်ချက်ဖိန့်ကာ ကန်သွင်းချိန်မှာ ဂိုးသမားက လက်ဖြင့်ကာကွယ်ခဲ့တာပါ။ ဒါကို ဂိုးသွင်းဖို့ အာရုံများနေတဲ့ ဆွာရက်ဇ် လက်ထိဘော ပင်နယ်တီတောင်းဆိုခဲ့ပြီး ဂိုးသမားဖြစ်မှန်း သိတဲ့အခါမှာ လက်ကို ပြန်ရုတ်သိမ်းခဲ့ပါတယ်။ ကွင်းလယ် ဒိုင်လူကြီးကတော့ ထောင်ကန်ဘော အဖြစ်သာ သတ်မှတ်ခဲ့ပြီး ဥရုဂွေးအသင်း ထောက်ကန်ဘော ရရှိခဲ့ပါတယ်။

ဆွာရက်ဇ်ကတော့ ပြိုင်ပွဲကြီးတွေမှာဆိုရင် လူပြောချင်စရာ အဖြစ်အပျက်မျိုးတွေကို မကြာခဏဆိုသလို ပြုလုပ်တက်လေ့ရှိသူတစ်ဦးဖြစ်ပါတယ်။ ဟန်ဆောင်လဲချမှုတွေဟာ ကြောင့် အဝါကဒ် ပြသခံရတဲ့ အကြိမ်တွေလည်းမနည်းခဲ့ပါဘူး။

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတုန်းကလည်း အီတလီနောက်ခံလူ ချိလီနီရဲ့ ပခုံးကို သွားနဲ့ကိုက်ခဲခဲ့လို့ လေးပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးသူ ဖြစ်ပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဂါနာအသင်းနဲ့ တွေ့ ဆုံစဉ်မှာ သေချာပေါက်ဂိုးပေးရတော့မယ့်အချိန်မှာ ဘောလုံးကို လက်နဲ့ တမင်တကာ ပုတ်ထုတ်ကာကွယ်ခဲ့လို့ အနီကတ်ပြထုတ်ပယ်ခံရဖူးသူ ဖြစ်ပါတယ်။ အခုတွစ်တာပေါ်မှာတော့ ဆွာရက်ဇ်၏ အဆိုပါဗီဒီယိုက ရေပန်းစားနေပြီး ဆွာရက်ဇ်ရဲ့ ပယ်နယ်တီ တောင်းဆိုမှုအပေါ်မှာ လှောင်ပြောင်နေကြပါတယ်။

ပွဲပြီးချိန်မှာ ဥရုဂွေးအသင်းက ချီလီကို ၁-၀ ဖြင့်အနိုင်ရရှိခဲ့ပါတယ်။ တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲကစားချိန် (၈၂)မိနစ်မှာ ကာဗာနီကသွင်းယူပေးခဲ့တာပါ။ ဥရုဂွေးအသင်းဟာ အုပ်စု (ဂ)မှာ ရမှတ် (၇)မှတ်ရရှိကာ အုပ်စုပထမနဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။


25 Jun 2019     1,345 Views




RELATED

Most Popular of Football

Most Popular of Sport