BEC-TERO TV

ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးပေါက်ကွဲမှုကြောင့် ချိုင့်နက်ကြီးဖြစ်ကျန်ရစ်

25 Jun 2019     1,331 Views


ဂျာမဏီနိုင်ငံ အနောက်ဘက် ‘လင်မ်ဘာ့ခ်ျ’ မြို့အနီးရှိ ကွင်းပြင်ကြီးထဲတွင် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညအလယ်က ကျည်လောင်သော ပေါက်ကွဲသံကြီးနဲ့အတူ မြေငလျှင်လှုပ်သကဲ့သို့ တုန်းခါမှု ၁.၇ ရစ်ခ်ျတာစကေး ရှိခဲ့ကြောင်း ဒေသခံသတင်းဌါနများတွင် ဖော်ပြထားသည်။
 
ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့သူ မရှိသော်လည်း အနက် ၁၀ မီတာ၊ အကျယ် ၄ မီတာခန့်ရှိတဲ့ မီးတောင်ဝသဏ္ဍန် ကျင်းနက်ကြီးတစ်ခု ဖြစ်ကျန်ခဲ့သည်။ ဒေသခံများက ဥက္ကာခဲပြုတ်ကျခဲ့တယ်လို့ ယူဆခဲ့ကြပေမယ့် ဗုံးကျွမ်းကျင်သူများက ဒုတိယကမ္ဘာစစ်လက်ကျန် ဖြစ်တဲ့ ဗုံးဟာ အချိန်ကာလ ကြာမြင့်မှုကြောင့် အလိုလျှောက် စနစ်တံပြုတ်ကာ ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 
 
ဂျာမဏီနိုင်ငံတွင် ယခုလို ကမ္ဘာစစ်ကျန်ဗုံးများ မကြာခဏတွေ့ရခြင်းမှာ အဆန်းတော့မဟုတ်ချေ။ ဒုတိယကမ္ဘာစစ်ပြီးတာ နှစ်ပေါင်း ၇၀ ကျော်ကြာနေပြီဖြစ်ပေမယ့် ဂျာမဏီမှာ မကြာခဏဆိုသလို ဗုံးများတွေ့ရလေ့ရှိပါတယ်။ 
 
 
ဂျာမဏီရဲ့ အချက်အချာမြို့ဖြစ်တဲ့ Giessen မှာ ပြီးခဲ့တဲ့ တနင်္လာနေ့က မပေါက်ကွဲသေးတဲ့ ဗုံးနှစ်လုံး တွေ့ရှိခဲ့ရတာကြောင့် ဒေသခံ ၂၅၀၀ လောက်ကို ဘေးလွတ်ရာသို့ ယာယီပြောင်းရွေ့ပြီးမှ ဗုံးတွေကို သိမ်းယူခဲ့ရပါတယ်။
ဗုံးတွေရဲ့ သက်ထမ်းဟာ အလွန်ကြာမြင့်နေပြီဖြစ်တာကြောင့် အချိန်မရွေးပေါက်ကွဲနိုင်ကြောင်း ဗုံးကျွမ်းကျင်သူ Spyra က ပြောကြားခဲ့သည်။
 

25 Jun 2019     1,331 Views




RELATED

Most Popular of International News

Most Popular of NEWS