BEC-TERO TV

အိုင်ဗရီကို့စ်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Cote D'Ivore International Series 2019 ပြိုင်ပွဲမှာချန်ပီယံဆု ဆွပ်ခူးနိုင်ခဲ့တဲ့ သက်ထားသူဇာ

08 Jul 2019     20,979 Views


မြန်မာဂုဏ်ဆောင် ကြက်တောင်ရိုက် အားကစားမယ် သက်ထားသူဇာဟာ အိုင်ဗရီကို့စ်နိုင်ငံတွင် ကျင်းပသည့် Cote D'Ivore International Series 2019  ပြိုင်ပွဲတွင် ချန်ပီယံဆုကို ထပ်မံ ရရှိခဲ့ပါတယ်။ သက်ထားသူဇာဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာမှစပြီး နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများဆက်တိုက် ရယူထား နိုင်ခဲ့ပါတယ်။
 
သက်ထားသူဇာဟာ ဒုတိယအဆင့်တွင် မောရစ်သျှအား ကစားမယ် ဖူကူနီကို ၂၁-၁၅ မှတ်၊ ၁၄-၂၁ မှတ်၊ ၂၁-၁၉ မှတ်ဖြင့် (၂-၁) ပွဲ၊ ကွာတားဖိုင်နယ်တွင် ပါကစ္စတန်ကစားသမား ရှာဇက် ကို ၂၁-၁၇ မှတ်၊ ၂၁-၁၃ မှတ်ဖြင့် နှစ်ပွဲပြတ်၊ ဆီမီးဖိုင်နယ်တွင် အီရန်ကစားသမား ဆိုရာယာကို ၂၁-၁၉ မှတ်၊ ၂၁-၁၉ မှတ်ဖြင့် နှစ်ပွဲ ပြတ်အနိုင်ရခဲ့ခြင်းဖြစ်ပါတယ်။

ဖိုင်နယ်တွင် ကူဒရာဝါလီနီ နဲ့တွေဆုံခဲ့ပြီး နှစ်ပွပြတ်အနိုုင်ရရှိခဲ့ပြီး  Cote D'Ivore International Series 2019 ချန်ပီယံဆုကို ဆွပ်ခူးနိုင်ခဲ့တာပါ။ ချန်ပီယံဆုကို ဆွပ်ခူးနိင်ခဲ့တဲ့အတွက်ကြောင့် ဆုကြေးငွေ ဒေါ်လာ (၁၀၀၀၀) ရရှိသွားမှာဖြစ်ပါတယ်။ သက်ထားသူဇာဟာ ၂၀၁၈ အောက်တိုဘာမှ ၂၀၁၉ ဇွန်လအထိ နိုင်ငံတကာ ပြိုင်ပွဲများ၌ ချန်ပီယံဆု ငါးကြိမ်၊ ဒုတိယဆု တစ်ကြိမ် ၊ တတိယဆု တစ်ကြိမ် ရယူထားနိုင်ခဲ့ပါတယ်။

သက်ထားသူဇာဟာ ယခုပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သောကြောင့် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၈၅ အထိမြင့်တက်လာခဲ့ပြီး ငွေတံဆိပ်ကို ဆွပ်ခူးနိုင်ခဲ့ရင်တောင်မှ ကမ္ဘာ့အဆင့် ၉၇ အထိ မြင့်တက်လာမှာဖြစ်ပါတယ်။ သက်ထားသူဇာဟာ ၂၀၂၀ အိုလံပစ် ပြိုင်ပွဲဝင်ခွင့်ရရန်အတွက် ပြိုင်ပွဲများတွင် ထပ်မံ အောင်မြင်မှုများ ရရှိဖို့လိုအပ်နေသေးတာဖြစ်ပါတယ်။

ဆက်လက်ပြီး လာမည့် သြဂုတ်လထဲမှာ နိုင်ဂျီးရီးယားနိုင်ငံ မှာကျင်းပမယ့် Lagos International Badminton Classics 2019 မှာယှဉ်ပြိုင်ဖို့ရှိတယ်လို့ သိရပါတယ်။
 
သက်ထားသူဇာ နိုင်ငံတကာ အောင်မြင်မှု
Cote D'Ivore International Series 2019  ချန်ပီယံ
 
Benin  International Series 2019 ချန်ပီယံ
 
Uganda International Series 2019 - ချန်ပီယံ
 
Kenya International Series 2019 - ချန်ပီယံ
 
Egypt International Series 2018 - ချန်ပီယံ
 
Nepal International Series 2018 - ဒုတိယ
 
Iran International Series 2018 - တတိယ

 


08 Jul 2019     20,979 Views




RELATED

Most Popular of Special or Others

Most Popular of Sport