BEC-TERO TV

မြေမြုတ်သင်္ဂြိုလ်ခါနီးဆဲဆဲမှ အသက်ရှင်နေသေးကြောင်းသိခဲ့ရတဲ့ သေရွာပြန်လူငယ်

09 Jul 2019     7,171 Views


မတော်တဆမှုတစ်ခုကြောင့် ဇွန်လ ၂၁ ရက်နေ့က ဆေးရုံတင်းထားရတဲ့ အိန္ဒိယနိုင်ငံမှ အသက် ၂၀ အရွယ် လူငယ်တစ်ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့မှာ သေဆုံးပြီဖြစ်ကြောင်း ဆေးရုံက အတည်ပြုပေးခဲ့ပါတယ်။
သူ့ရဲ့မိသားစုဝင်တွေဟာ ကြေကွဲဝမ်းနည်းစွာနဲ့ နာရေးအခမ်းအနားကို ပြင်ဆင်ခဲ့ကြပြီး မြေမြုတ်သင်္ဂြိုလ်ခါနီးဆဲဆဲမှာ လူငယ်ဟာ အသက်ရှင်နေသေးကြောင်း အံ့သြတုန်လှုပ်စွာ တွေ့ခဲ့ကြရပါတယ်။
 
 
‘မိုဟာမက်ဖာကွမ်’ ဆိုသူလူငယ်ဟာ ဇွန်လ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုတစ်ခုမှာ ဒဏ်ရာရခဲ့ပြီး လုံးဝသတိလစ်မေ့မြောကာ ပုဂ္ဂလိက ဆေးရုံတစ်ရုံမှာ တင်ထားခဲ့ရပါတယ်။ ငွေကြေးပြည့်စုံတဲ့ မိသားစုတွေ မဟုတ်ပေမယ့် သူ့အတွက် ဆေးကုသစရိတ် အိန္ဒိယရူပီး ၇ သိန်း (ကျပ်သိန်း ၁၅၀ ကျော်) ကုန်ကျခံပြီးတဲ့အခါမှာတော့ မိသားစုမှာ သူ့အတွက် ပေးစရာ စရိတ်မရှိတော့ပါဘူး။ ဒီအကြောင်းတွေကို ဆေးရုံက သိသွားခဲ့ပြီး ရက်အနည်းငယ်အကြာမှာပဲ လူနာဟာ သေဆုံးပြီဖြစ်တယ်လို့ ဆရာဝန်က အတည်ပြုကြေညာလိုက်ပါတယ်။
 
 
မိသားစုတွေဟာ လူငယ်ရဲ့အလောင်းကို အိမ်ပြန်သယ်ခဲ့ကြပြီး နားရေးအတွက် စီစဉ်နေတုန်းမှာ ‘ဖာကွမ်’ ရဲ့ ခြေချောင်းလက်ချောင်းလေးတွေ လှုပ်လာတာကို မထင်မှတ်ပဲ တွေ့လိုက်ရပါတယ်။ သူတို့ဟာ Ram Manohar Lohia ဆေးရုံကို အမြန်တင်ပို့ခဲ့ပြီး ဆရာဝန်တွေက စစ်ဆေးရာမှာ လူနာဟာ အသက်ရှင်လျှက်ရှိနေသေးပြီး သူ့အတွက် လေဝင်လေထွင်ကောင်းအောင် စီစဉ်ပေးဖို့ပဲလိုတယ်လို့ ဆိုကာ လိုအပ်တာတွေကို ချက်ခြင်းလုပ်ပေးခဲ့ပါတယ်။
 
လူနာက စိုးရိမ်ရတဲ့အခြေအနေပါ ဒါပေမယ့် ဦးနှောက် မသေသေးပါဘူး၊ သွေးခုန်သွေးတိုးနေတာတွေလည်း အလုပ်လုပ်နေပါတယ်၊ သူ့အတွက် လေဝင်လေထွက်ကောင်းအောင် စီစဉ်ပေးဖို့လိုပါတယ်” လို့ ဆရာဝန်ကြီးက ဆိုပါတယ်။
 
လက်ရှိမှာတော့ သက်ဆိုင်ရာအဏာပိုင်တွေက ‘ဖာကွမ်’ ကို ဆေးကုသစရိတ် မတတ်နိုင်တော့လို့ သေဆုံးပြီလို့ ကြေညာခဲ့တဲ့ ပုဂ္ဂလိကဆေးရုံကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ Hindustan Times သတင်းမှာ ဖော်ပြထားပါတယ်။

09 Jul 2019     7,171 Views




RELATED

Most Popular of Special or Others

Most Popular of NEWS