BEC-TERO TV

Wisdom Hill မူကြိုကျောင်းဝင်းအတွင်း ကိုအောင်ကြီး၏ ၂၈ မိနစ် လှုပ်ရှားမှု CCTV ထွက်ပေါ်

10 Jul 2019     1,831 Views


နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာ ဖြစ်ခဲ့တဲ့ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ် ဗစ်တိုးရီးယား ကို မုဒိန်းမှုကျူးလွန်ခံသူလို့ စွပ်ဆွဲခံထားရတဲ့ ကိုအောင်ကြီးရဲ့၂၈ မိနစ်တာ လှုပ်ရှားမှုတို့ကို နေပြည်တော် Wisdom Hill မူကြိုကျောင်းဝင်း အနီးနားက လုံခြုံရေးကင်မရာ စီစီတီဗီ မှတ်တမ်းတစ်ခုကို ဘီဘီစီ လက်ခံထားရှိထားပါတယ်။
 
အဆိုပါ မှတ်တမ်းမှာ ကိုအောင်ကျော်မျိုး ခေါ် ကိုအောင်ကြီးလို့ယူဆရတဲ့ လူတယောက်ရဲ့ လှုပ်ရှားသွားလာမှုပုံရိပ် တချို့ကို ထင်ထင်ရှားရှား ပြတ်ပြတ်သားသား တွေ ့ခဲ့ရပါတယ်။ ဒီ စီစီတီဗီ မှတ်တမ်းအရ မေလ ၁၆ ရက်နေ့ ညနေ ၃ နာရီ ၁၂ မိနစ်မှာ အကျီအဖြူ၊ ပုဆိုးအပြာဝတ်ဆင်ထားတဲ့ လူ တစ်ယောက် Wisdom Hill မူကြိုကျောင်း အဆောက်အအုံ ထဲကို လမ်းလျှောက်ပြီး ဝင်သွားတာ တွေ့ရပါတယ်။

ကိုအောင်ကြီးရဲ့ ညီဖြစ်သူက ဒီပုံဟာ သူ့ အစ်ကို ဖြစ်တယ်လို့ အတည်ပြုခဲ့ပြီး ကိုအောင်ကြီးဟာ အဲဒီနေ့မှာ အကျႌအဖြူ၊ ပုဆိုးအပြာဝတ်ပြီး ဦးထုပ်ဆောင်းထားတယ်လို့ နေပြည်တော် သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ဒုတိယ ရဲချုပ်အောင်နိုင်သူကလည်း ပြောခဲ့ပါတယ်။
 
ကျောင်းက ဆရာမတွေကို ဘီဘီစီက အင်တာဗျူး တဲ့ အခါမှာ ကိုအောင်ကြီးဟာ တံခါးအနီးက ခုံမှာ တချိန်လုံး ထိုင်နေခဲ့တယ်လို့ ဆိုခဲ့ပြီး အခု မှတ်တမ်းဗီဒီယိုမှာ မြင်နိုင်သမျှကတော့ ကိုအောင်ကြီးလို့ ယူဆရတဲ့ အကျႌဖြူဝတ်ဆင်ထားသူဟာ ကျောင်းထဲ ရောက်နေတဲ့ ၂၈ မိနစ် တာအတွင်း တံခါးအနီးက ခုံမှာ အချိန်အတော်များများ ထိုင်နေခဲ့တာကို မြင်တွေ့ရပါတယ်။

ရဲတပ်ဖွဲ့ကတော့ ကိုအောင်ကြီးဟာ အဲဒီနေ့က ကျောင်းထဲကို ရောက်ခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသားတဦး ဖြစ်ခဲ့ပြီးတော့ ဒီအမှုအတွက် သံသယ ရှိသူအဖြစ် စွဲချက် တင်ထားခံရပြီး သူရောက်ရှိနေတဲ့ အချိန်အတွင်းမှာ ဒီလို အမှုမျိုး ကျူးလွန်နိုင်ဖို့ အတွက် အချိန်နဲ့ အခွင့်အလမ်း ရခဲ့သလား၊ ရဲဘက်မှာ ခိုင်မာတဲ့ သက်သေ အထောက်အထားတွေရော ရှိထားပြီလား ဆိုတာကို လာမယ့် ၁၅ ရက်နေ့ မှာ တရားခွင်စတင် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

Ref; BBC Burmese


10 Jul 2019     1,831 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS