BEC-TERO TV

ဗစ်တိုးရီးယားအမှုမှာ အောင်ကြီးဘက်က လိုက်ပေးမယ်ဆိုတဲ့ ရှေ ့နေကြီး ဦးခင်မောင်ဇော်

10 Jul 2019     1,470 Views


နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာ ဖြစ်ခဲ့တဲ့ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ် ဗစ်တိုးရီးယား ကို မုဒိန်းမှုကျူးလွန်သူလို့ စွပ်ဆွဲခံထားရတဲ့ ကိုအောင်ကြီးကို အမှုမှန် ပေါ်ပေါက်ဖို့အတွက် တရားလွှတ်တော် ရှေ ့နေကြီး ဦးခင်မောင်ဇော်က အောင်ကြီးဘက်မှ လိုက်ပါ ဆောင်ရွတ်ပေးသွားမယ်လို့ ဆိုပါတယ်။
 
ကိုအောင်ကြိီး အစွပ်စွဲခံရတယ် ဆိုတာနဲ့ပါတ်သတ်ပြီး ခိုင်လုံတဲ့ အကြောင်းတရား ၊ အချက်အလက် နည်းပါလွန်းတာကြောင့် တရားမျှတမှုအတွက် ကိုအောင်ကြီးဘက်က လိုက်ပါဆောင်ရွတ်ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ရှေ ့နေကြီး ဦးခင်မောင်ဇော်ကတော့ အချက်သုံးချက်ဖြင့် ရုံးမှာ ဖော်ထုတ်ဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

၁။ အမှုမှန် ပေါ်ပေါက်ပြီးတော့ ကိုအောင်ကြီး လွတ်မြောက်ဖို့ ကြိုးစားပါမယ်။
၂။ ကိုအောင်ကြီး လွှတ်ရုံတင် မဟုတ်ဘူး။ ဒီအမှုမှာ ဒီကလေးမလေး အင်မတန် နစ်နာတယ်။ သူ့မိသားစုလည်း နစ်နာတယ်။ အဲ့ဒါကြောင့် တစ်ကယ်ကျူးလွန်တာ ဘယ်သူလဲဆိုတာ ပေါ်လောက်တဲ့ အနေအထားမျိုးရှိအောင် ဒီအမှုထဲမှာ စစ်ရင်း၊ စစ်ရင်းနဲ့ ဖော်ထုတ်ဖို့ ကြိုးစားပါမယ်။
၃။ ကိုအောင်ကြီး မဟုတ်ဘဲ အစွပ်စွဲခံရတယ်။ အစောတုန်းက လွတ်ထားတယ်ဗျာ။ ပြီးတော့မှ ကောက်ပြီး တင်လိုက်တယ်။ အဲ့လိုဖြစ်တဲ့ အခြေအနေမျိုးကို ဖြစ်အောင် တွန်းပို့တာ တမင်တွန်းပို့တာ ရှိသလား။ ရှိရင် အဲ့ဒီ လက်သည် ဘယ်သူတွေလဲ။
 
စတဲ့ အချက် ၃ချက်ကို ဒီရုံးမှာ ဖော်ထုတ်ဖို့ ကြိုးစားပါ့မယ် လို့ ရှေ ့နေကြီး တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် က ထုတ်ဖော်ပြောကြားလာခြင်း ဖြစ်ပါတယ်။ ကိုအောင်ကြီး အမှုကိုတော့ လာမယ့် ၁၅ ရက်နေ့ မှာ တရားခွင်စတင် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

10 Jul 2019     1,470 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS