BEC-TERO TV

ပရီးမီးယားလိဂ် စာမျက်နှာသစ်ကို ဖွင့်လှစ်တော့မယ် ဒန်နီ အဲဗက်စ်

15 Jul 2019     1,304 Views


ဘရားဇီးလ်အသင်း၏ ဝါရင့် ညာနောက်ခံ ကစားသမား ဒန်နီ အဲဗက်စ် ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ် အသင်းကြီးတွေက စောင့်ကြည့်နေကြတယ် လို့ Daliymail ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အဲဗက်စ် ကိုခေါ်ယူနိုင်ဖို့ ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေ ဖြစ်ကြတဲ့ အာဆင်နယ် ၊ စပါး ၊ မန်စီးတီး တို့က အပြိုင်အဆိုင် စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ပီအက်စ်ဂျီအသင်းနှင့် စာချုပ်ကုန်ဆုံးခဲ့ပြီး အခုချိန်မှာ ဒန်နီ အဲဗက်စ်ဟာ အသင်းလက်မဲ့ ဖြစ်နေတာဖြစ်ပါတယ်။ အဲဗက်စ်ဟာ ဘာစီလိုနာမှာတုန်းက ပက် ဂွာဒီယိုလာနှင့် လက်တွဲခဲ့ဖူးတာကြောင့် မန်စီးတီးအသင်းကို ပြောင်းရွေ့ဖို့ အလားလာရှိတယ်လို့ သတင်းတွေက ဆိုကြပါတယ်။

အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ဒန်နီ အဲဗက်စ်ဟာ ကစားသမားဘဝ အောင်မြင်မှုများစွာကို ရရှိထားသူဖြစ်ပြီး ဆုဖလားပေါင်း( ၄၀) ဆွပ်ခူးနိုင်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကိုပါအမေရိက ပြိုင်ပွဲမှာလည်း ချန်ပီယံဆုကို ဆွပ်ခူးနိုင်အောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ညာနောက်ခံနေရာအတွက် ဝေါလ်ကာကို အသုံးပြုနေပြီး အရံဖြစ်တဲ့ ဒန်နီလိုကို သဘောကျခြင်းမရှိတာကြောင့် အဲဗက်စ် ကိုခေါ်ယူလိုခြင်းဖြစ်ပါတယ်။ အဲဗက်စ်ဟာ ပီအက်စ်ဂျီအသင်းမှာ ၂ နှစ်တာ သွားရောက်ကစားခဲ့ပြီး လီဂူးဖလား ၂ ကြိမ် နဲ့ ပြင်သစ် ဖလား ၊ ပြင်သစ် လိဂ် ဖလားတို့ကို ဆွပ်ခူးနိုင်ခဲ့ပါတယ်။

ဒန်နီ အဲဗက်စ်ကိုယ်တိုင်ကလည်း ကစားသမားဘဝ အနားမယူချင်သေးဘဲ စိန်ခေါ်မှုတွေကို ဆက်လက်ရင်ဆိုင်သွားဖို့ အဆင့်သင့်ဖြစ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဗက်စ် ဟာ ကစားသမားဘဝ နောက်ထပ် ပရီးမီးယားလဂ် စာမျက်သစ် ကိုဆက်လက်ဖွင့်သွားဦးမလား ဆိုတာကိုတော့….။

 


15 Jul 2019     1,304 Views




RELATED

Most Popular of Football

Most Popular of Sport