BEC-TERO TV

ရဟတ်ကျိုးကျပြီး လူ ၂ ဦးသေဆုံးကာ ဒါဇင်နဲ့ချီဒဏ်ရာရ (ရုပ်သံ)

15 Jul 2019     1,316 Views


ယခုနှစ်ပိုင်းမှာ အပျော်စီးရဟတ် ကျိုးကျတဲ့ သတင်းတွေ ခပ်စိပ်စိပ်ဆိုသလို ဖြစ်နေတာဖြစ်ရပါတယ်။ ဇူလိုင်လ ၁၄ ရက် တနင်္ဂနွေနေ့ က အိန္ဒိယနိုင်ငံ အမီဒါဘတ်ပြည်နယ် မှာရှိတဲ့ အပန်းဖြေ ဥယျာဉ်ထဲက အပျော်စီးရဟတ်ကြီး လူတွေတင်ဆောင်ကာ လည်ပတ်နေချိန် ရုတ်တရက် ကျိုးကျခဲ့တာကြောင့် လူ ၂ ဦး သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ကြပါတယ်။
 
 
 
လူ ၃၁ ယောက် လိုက်ပါစီးနင်းနေတဲ့ ရဟတ်ကြီးဟာ လေပ်ါမှာတင် မောင်းတံကျိုးကျခဲ့ပြီး ရဟတ်တွဲများ အရှိန်နဲ့ မြေပြင်ပေါ်ကို အကာကွယ်မဲ့ ပြုတ်ကျခဲ့ပါတယ်။ ဖြစ်စဉ်ကြောင့် အသက် ၂၀ ဝန်းကျင် လူငယ်နှစ်ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ် Pradipsinh Jadeja က အတည်ပြုပြောကြားခဲ့ပါတယ်။
 
 
ဒဏ်ရာရသူတွေကိုတော့ နီးစပ်ရာဆေးရုံကို တင်ပို့ခဲ့ကြပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ ရဟတ်ကျိုးကျတဲ့ ဖြစ်စဉ်ရုပ်သံကို လူငယ်တစ်ဦးက အမှတ်မထင် မှတ်တမ်းတင်ထားမိခဲ့ခြင်းဖြစ်သည်။
 

15 Jul 2019     1,316 Views




RELATED

Most Popular of International News

Most Popular of NEWS