BEC-TERO TV

မိမိ အနာဂါတ်နဲ့ပါက်သတ်ပြီး လာမည့်အပါတ်တွင်သိရမည်ဟု လူကာကူဆို

15 Jul 2019     1,369 Views


ဘယ်ဂျီယံတိုက်စစ်မှူး လူကာကူကိုခေါ်ယူဖို့အတွက်  အင်တာမီလန်အသင်း အားကစား ဒါရိုက်တာ ပီအဲရို  အော်စီလိုယို က မန်ယူအသင်းနဲ့ တရားဝင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

ပါ့ဂလိုရီနှင့်ပွဲအပြီးမှာ အနာဂါတ်အစီအစဉ်နှင့် ပါက်သတ်ပြီး သတင်းထောက်များကမေးမြန်းရာ လူကာကူက ''လာမယ့်တစ်ပတ်ကျရင် ခင်ဗျားတို့ တစ်ခုခုသိရမှာပါ ''ဟု ပြန်လည်ဖြေကြားခဲ့ပါတယ်။ဒါကြောင့် လူကာကူဟာ မန်ယူအသင်းကနေ ထွက်ခွာဖို့ အခြအနေရှိနေပါတယ်။

မန်ယူနည်းပြ ဆိုးရှားလ် က “ လူကာကူကို အသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ရာသီကြိုခြေစွမ်းပွဲ ဒုတိယမြောက်ပွဲစဉ် ပါ့ဂလိုရီနှင့်ပွဲမှာ သူကို ထည့်မသုံးရခြင်းက စွန့်စားခန်းမပြုလုပ်ချင်လို့ပါ။ ဒါပေမယ့် လာမည့် ဗုဒ္ဓဟူးနေ့ကစားမယ့် ပွဲအတွက်တော့ သူကြံ့ခိုင်မှုပြည့်နေမှာပါ။ သူနဲ့ ပါက်သတ်ပြီး ဘာဆုံးဖြတ်ချက်ကိုမှ မချမှတ်ရသေးပါဘူး “ လို့ ပြောကြားခဲ့ပါတယ်။

အင်တာအသင်းဟာ လူကာကူကို ၂ နှစ်အငှားဖြင့်ခေါ်ယူပြီး နှစ်ကုန်မှာ ပေါင် (၇၀)သန်းဖြင့် အပြီသတ်ခေါ်ယူသွားဖို့စီစဉ်နေတယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ လူကာကူကို ၂၀၁၇ ခုနှစ်က အဲဗာတန်အသင်းကနေ ပေါင်(၇၅) သန်းဖြင့် ခေါ်ယူခဲ့တာဖြစ်ပါတယ်။


15 Jul 2019     1,369 Views




RELATED

Most Popular of Football

Most Popular of Sport