BEC-TERO TV

ထိုင်ခုံနေရာထမပေးလို့ စကတ်လှန်ပြထားတဲ့အမျိုးသမီး (ရုပ်သံ)

17 Jul 2019     1,579 Views


အားလုံးသိကြတဲ့အတိုင်းပါပဲ လိုင်းကားတွေ ရထားတွေစီးတဲ့အခါ ထိုင်ခုံနေရာတစ်နေရာ ရဖို့ဆိုတာ မလွယ်ပါဘူး။ အထူးသဖြင့် ရုံးတက်၊ ရုံးဆင်း လူအသွားအလာများတဲ့အချိန်တွေဆိုရင် ကားပေါ်မှာ ထိုင်ခုံနေရာရဖို့က မဖြစ်နိုင်သလောက်ပါပဲ။ 
 
ဒါပေမယ့် စာနာနားလည်တတ်တဲ့ ခရီးသည်အချို့ကတော့ ကိုယ်ဝန်ဆောင်၊ သက်ကြီးရွယ်အိုနဲ့ သံဃာ၊ သီလရင်တို့တက်လာရင် သူတို့ရဲ့ ထိုင်ခုံနေရာကို ဖယ်ပေးတတ်ကြပါတယ်။ ဒါပေမယ့် ခရီးသည်တိုင်းတော့ ဒီလိုစိတ်ထားမျိုး မရှိနိုင်ပါဘူး။
 
လတ်တလော မော်စကိုနိုင်ငံက မြေအောက်ရထားပေါ်မှာ ဖြစ်သွားတဲ့အဖြစ်ပျက်ဟာ ထူးဆန်းလွန်းပါတယ်။ တစ်ရက်တစ်ရက်ကို လူ ၇ သန်းလောက် ဥဒဟိုစီးနင်းလိုက်ပါနေတဲ့ မြေအောက်ရထားပေါ်မှာ ထိုင်ခုံနေရာ တစ်နေရာရဖို့ မလွယ်ပါဘူး။
 
ဒီအချိန်မှာ ခရီးသည် အမျိုးသမီးတစ်ယောက်က ထိုင်ခုံနေရာရပြီး ထိုင်နေတဲ့အမျိုးသားကို နေရာကထပေးဖို့ တောင်းဆိုတာကို အမျိုးသားက ငြင်းပယ်လိုက်ရတဲ့အတွက် သူမရဲ့အောက်ပိုင်းမှာ ဝတ်ထားတဲ့ စကတ်ကိုလှန်ကာ အတွင်းခံကိုချွတ်ပြီး ဝတ်လစ်စလစ်နဲ့ နေပြလိုက်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
 
သူမဟာ ထိုင်နေတဲ့ အမျိုးသားနားကို ချဉ်းကပ်ပြီး နေရာထပေးပါလားလို့ ပြောတဲ့အခါ “အမျိုးသားက ငါကဘာလို့ ထပေးရမှာလဲ..?” လို့ တုံ့ပြန်လိုက်ပါတယ်။

ဒီအခါ အမျိုးသမီးက သူ့ရဲ့စကတ်ကို အပေါ်လှန်မတင်ပြီး အတွင်းခံဘောင်းဘီကို ချွတ်ချကာ သူမရဲ့ မိန်းမကိုယ်ကို လက်ညိုးနဲ့ထိုးပြပြီး “ဘာကြောင့်လဲဆိုတော့ ဒါကြောင့်ပဲဟဲ့.. ငါက အမျိုးသမီးလေ..!” လို့ ရုတ်တရက်ပြောချလိုက်ပါတယ်။

 
အမျိုးသမီးက သူဒီလိုလုပ်ပြလိုက်လို့ ထိုင်ခုံကနေ ထပေးကြလိမ့်မယ်လို့ မျှော်လင့်ထားပေမယ့် ဘယ်သူကမှ နေရာထမပေးတာကြောင့် ခေါင်းမာစွာနဲ့ ဘူတာအချို့ကို အောက်ပိုင်းဝတ်လစ်စလစ်နဲ့ စီးနင်းလိုက်ပါခဲ့ပါတယ်။ 
 
 
ရထားအဝင်အထွက် တံခါးနားက မှန်ကွယ်ကိုမှီပြီး အောက်ပိုင်းဗလာနဲ့ လိုက်ပါလာတာကြောင့် ရထားဘူတာရောက်တိုင်း အတက်အဆင်းခရီးသည်တွေက သူမကိုကြည့်ပြီး တွန့်သွားကြပါတယ်။ ဒီအဖြစ်ပျက်ကို ခရီးသည် အမျိုးသမီးတစ်ယောက်က ရုပ်သံရိုက်ကူးခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ အမျိုးသမီးဟာ အဝတ်အစားတွေ ပြန်ဝတ်ခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

17 Jul 2019     1,579 Views




RELATED

Most Popular of Special or Others

Most Popular of NEWS