BEC-TERO TV

IU နဲ့ Yeo Jin Goo ကို ကော်ဖီလှည်းအကြီးကြီးပို့ပြီး surprise လုပ်ပေးလိုက်တဲ့ Kim Soo Hyun

17 Jul 2019     1,349 Views


တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော်ထိပ်တန်းစားရင်းဝင် မင်းသားတစ်လက်ဖြစ်တဲ့ Kim Soo Hyun ဟာ လတ်တလော tvN ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ Hotel Del Luna ဇာတ်လမ်းတွဲရိုက်ကွင်းကို ကော်ဖီလှည်းအကြီးကြီးပို့ပြီး surprise လုပ်ပေးခဲ့ပါတယ်။ Hotel Del Luna မှာ အဓိကဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်တဲ့ IU နဲ့ Yeo Jin Goo တို့ဟာ တစ်နည်းအားဖြင့် Kim Soo Hyun နဲ့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေ သူငယ်ချင်းများဖြစ်ကြပါတယ်။ IU, Yeo Jin Goo တို့နဲ့ Kim Soo Hyun တို့ ပတ်သတ်မှုက ဘယ်လိုဖြစ်မယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Kim Soo Hyun နဲ့ IU ဟာ 2011 မှာထုတ်လွှင့်ပြသခဲ့တဲ့ Dream High ဇာတ်လမ်းတွဲမှာ အတူပါဝင်သရုပ်ဆောင်ခဲ့ကြပြီး 2015 မှာ producer ဇာတ်လမ်းတွဲမှာ ပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။ နှစ်ယောက်စလုံးဟာ သူတို့ရဲ့ အနုပညာ ပထမဦးဆုံးခြေလှမ်းဖြစ်တဲ့ Dream High မှာစတင်ခင်မင်ခဲ့ကြပြီး နောက်ပိုင်းမှာလဲ ပြင်ပမှာ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေ သူငယ်ချင်းတွေအဖြစ် တည်ရှိခဲ့ကြပါတယ်။

Yeo Jin Goo ကတော့ The moon that embraces the sun မှာ Kim Soo Hyun ရဲ့ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ဖူးပါတယ်။ သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုဟာလဲ ထိုအချိန်ကတည်းက စတင်ခဲ့ပြီး အနုပညာလောကမှာသာမက ပြင်ပမှာလဲ ခင်မင်ရင်းနှီးသူများဖြစ်လာပါတယ်။

Kim Soo Hyun အနေနဲ့ Hotel Del Luna ဇာတ်ကားမှာ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းနှစ်ယောက်ပါဝင်သရုပ်ဆောင်ထားတာဖြစ်လို့ ကော်ဖီလှည်းအကြီးစားနဲ့အတူ လူကိုယ်တိုင်ရိုက်ကွင်းကို ရောက်ချလာခဲ့ပါတယ်။ Kim Soo Hyun ကိုယ်တိုင် ရိုက်ကွင်းထိ လာရောက်အားပေးတာကြောင့် IU နဲ့ Yeo Jin Goo တို့အတွက် အားတက်စရာပါပဲ။

Hotel Del Luna ဇာတ်ကားဟာ လတ်တလောမှာ ၂ ပိုင်းသာ လွှင့်ရသေးပေမယ့် Song Joong ki ရဲ့ Arthdal Chronicles ထက် ကြည့်ရှုသူနှုန်း မြင့်တက်လာပြီပဲဖြစ်ပါတယ်။

Ref:koreaboo

(ပိုပိုလေး)

 


17 Jul 2019     1,349 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS