BEC-TERO TV

ဂျူဗီဘက်ကို သွင်းတဲ့ဂိုးဟာ ကစားသမားဘဝ အကောင်းဆုံးသွင်းဂိုးလို့ဆိုတဲ့ ဟာရီကိန်း

22 Jul 2019     1,339 Views


ဇူလိုင်လ ၂၁ ရက်နေ့ မနေ့က  ညနေက စင်ကာပူမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ International Champion Cup ပွဲစဉ်မှာ စပါးအသင်းဟာ ဂျူဗင်တပ်စ်အသင်းကို ၃-၂ ဖြင့်အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါ ပွဲမှာ ပွဲရဲ့  အနိုင်ဂိုးကို စပါးအသင်း အသင်းခေါင်းဆောင် ဟာရီကိန်းက ကွင်းလယ် ၄၅ ကိုက်အကွာကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။

နှစ်ဖက်အသင်းကလည်း လူစုံကစားကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပြီး ပထမပိုင်းမှာ စပါးအသင်းက လာမယ်လာရဲ့ သွင်းဂိုး တစ်ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်စချိန်မှာ ဂျုဗင်တပ်စ်အသင်းဟာ ခြေပဂိုးကို ပွဲချိန် ၅၆ မိနစ်မှာ ဟီဂူအင်က သွင်းယူပေးခဲ့ပြီး ၆၀ မိနစ်မှာ ရော်နယ်ဒိုရဲ့ သွင်းဂိုးနဲ့ ၂-၁ ဖြင့် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ထို့နောက် မကြာမီ ၆၄ မိနစ်မှာ စပါးအသင်းမှ လူကပ် မော်ရာက ချေပဂိုးသွင်းယူခဲ့နိုင်ခဲ့ပါတယ်။

နှစ်ဖက်အသင်း ၂-၂ ဖြင့်သရေ ကျနေချိန်မှာ ပွဲဟာ စိတ်လှုပ်ရှားဖွယ် ဖြစ်လာခဲ့ပြီး ပွဲရဲ့ အဆုံးအဖြတ်အနိုင်ဂိုးကို အချိန်ပိုမှာ ဟာရီကိန်းက ကွင်းလယ်ကနေ လှလှပပ ကန်သွင်းယူခဲ့ပြီး ၃-၂ ဖြင့်အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါ ဂိုးဟာ ဟာရီကိန်းရဲ့ ကစားသမား ဘဝ အကောင်းဆုံးသွင်းဂိုးတစ်ဂိုးလို့ ပြောလိုရပြီး အင်မတန်လှပတဲ့ သွင်းဂိုးတစ်ဂိုးဖြစ်ခဲ့ပါတယ်။


ဒီဂိုးနဲ့ ပါတ်သတ်ပြီး ဟာရီကိန်းက “ဒီဂိုးဟာ ကျွန်တော့်လက်ရှိ ကစားသမား ဘဝမှာ အကောင်းဆုံးသွင်းဂိုး တစ်ဂိုးဖြစ်နိုင်ပါတယ်။ တစ်ဖက်အသင်း ဂိုးသမား ရှေ့ တက်နေချိန်မှာ အခွင့်အရေးကောင်းရခဲ့လို့ ကန်သွင်းခဲ့တာဖြစ်ပြီး ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့လို့လည်း ကျေးဇူးအရမ်းတင်ပါတယ်။ ” လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

>


22 Jul 2019     1,339 Views




RELATED

Most Popular of Football

Most Popular of Sport