BEC-TERO TV

စွန့်ပစ် ပလပ်စတစ်တွေနဲ့ ကျူရှင်ခပေးချေလို့ရတဲ့ အိန္ဒိယနိုင်ငံက ကျောင်း

22 Jul 2019     1,533 Views


မိဘတွေကဘယ်လောက်ပဲ ဆင်းရဲနေပါစေ ကိုယ့်သားသမီးကိုတော့ ကျောင်းကောင်းကောင်းမှာထားပြီး ပညာတတ်ကြီးဖြစ်ဖို ရည်မှန်းချက်တွေ ရှိကြပါတယ်။ သို့သော်လည်း စီးပွားရေး အခြအနေအရ တစ်နေ့လုပ်တစ်နေ့စား ဘဝသမားတွေအတွက်တော့ သားသမီးတွေကို ကျောင်းကောင်းကောင်းမှာထားဖို့ ဆိုတာ အခက်အခဲရှိပါတယ်။ ဆင်းရဲတဲ့မိဘတွေရဲ ့ကလေးငယ်တွေ ပညာရေးအတွက် ရည်ရွယ်ပြီးဖွင့်တဲ့ ပရဟိတ ကျောင်းတွေ အများကြိိးရှိသည့်အနက် အိန္ဒိယနိုင်ငံမှ ကျောင်းတစ်ကျောင်းဟာ ထူးထူးခြားခြား စွန့်ပစ် ပလပ်စတစ်တွေကနေ ကျောင်းလခကိုပေးချေနိုင်တယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံ မြောက်ပိုင်း phmohi ဒေသမှာရှိပြီး Akshar ဆိုတဲ့ ကျောင်းလေးဟာ ဆင်းရဲတဲ့ မိသားစုမှ ငွေကြေးမတက်နိုင်တဲ့ ကျောင်းသားတွေကို ပညာသင်ကြားနိုင်ဖို့ စွန့်ပစ် ပလပ်စတစ် ဗူးခွံ ့နဲ့ ပေးချေပြီး ကျောင်းလခပေးချေ နိုင်အောင် ဆောင်ရွတ်ပေးခဲ့ပါတယ်။ ကျောင်းသားတွေကိုလည်း အမှိုက်စို ၊ အမှိုက်ခြောက် ခွဲခြားနိုင်ပြီး စွန့်ပစ် အမှိုက်တွေကနေ ဘယ်လို အသုံးချပြီး လူတွေအတွက် ဘယ်လိုအကျိုးရှိအောင် ဆောင်ရွတ်လို့ရမလဲ ဆိုတာကိုပါ လမ်းညွန်ပြသပေးခဲ့ပါတယ်။

အဆိုပါကျောင်းကို Parmita Sharma နဲ့ Mazin Mukhatar တို့နှစ်ယောက်က ၂၀၀၆ ခုနှစ်မှာ  ပူးတွဲတည်ထောင်ခဲ့တာဖြစ်ပြီး ကလေးတွေကို ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းပညာတွေ တက်မြောက်စေချင်လို့ ရည်ရွယ်တာ ဖြစ်တယ်လို့ သိရပါတယ်။ ကျောင်းမှာ တီထွင်ဖန်တီးမှုပညာတွေ ၊ သိပ္ပံပညာ နဲ့ သချင်္ာဘာသာရပ်တွေနဲ့ ပထဝီဝင် ဘာသာရပ်တွေကို သင်ကြားပေးပါတယ်။

ကလေးတွေကို စာတွေကို သင်ကြားပြသပေးရုံသာမက ဘဝအတွက်ပါ တိုးတက်စေနိုင်တဲ့ လမ်းညွန်မှုတွေကို ပြုလုပ်ပေးခြင်း တို့ကိုလည်းလုပ်ဆောင်ပေးတယ်လို့ ကျောင်းအုပ်ဆရာကြီးက ပြောပါတယ်။ ကလေးငယ်တွေဟာ ငယ်ရွယ်စဉ်မှာ ပညာရေးနဲ့ နီးနီးကပ်ကပ်ရှိနေဖို့လိုကြောင်း ၊ အမှား အမှန်ကို ကောင်းကောင်း ဝေဖန်ခွဲခြားနိုင်မှ နောင်မှာ အလားအလာ ရှိတဲ့ လူငယ်တွေအဖြစ်နဲ့ ရပ်တည်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကလေးငယ်တွေဟာ ကျူရှင်လခပေးနိုင်ဖို့အတွက် တစ်ပါတ်မှာ စွန်ပစ်ပလက်စတစ် ၁၀ ခုမှ အခု ၂၀ အထိ ပေးဆောင်ဖို့လည်း လိုအပ်ပါတယ်လို့ သိရပါတယ်။

Ref; borbes,orissapost


22 Jul 2019     1,533 Views




RELATED

Most Popular of Special or Others

Most Popular of Life Style