BEC-TERO TV

မုဒိမ်းမှုနဲ့ပါတ်သတ်ပြီး ရော်နယ်ဒိုမှာ အပြစ်မရှိကြောင်း လက်စ်ဗီးဂတ်ရှေ့ နေချုပ်ရုံးက ထုတ်ပြန်

23 Jul 2019     1,359 Views


ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ရော်နယ်ဒိုဟာ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က မုဒိမ်းမှုကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရခြင်းနဲ့ ပါတ်သတ်ပြီး အမှုရင်ယှဉ်ဆိုင်နေရတာ ဖြစ်ပါတယ်။ ထို့အမှုကို ၂၀၀၉ ခုနှစ်က ပိတ်သိမ်းခဲ့ပြီးဖြစ်သော်လည်း ဘောလုံးလောက လျှို့ဝှက်ချက်များကို ဖွင့်ချနေသော ဂျာမန်အပတ်စဉ် ထုတ် မဂ္ဂဇင်း Der Spiegel က ဖော်ထုတ်ခဲ့ပြီး မာယော်ဂါ ကိုယ်တိုင်ကလည်း ရော်နယ်ဒိုကို တိုင်ကြားခဲ့ပါတယ်။

အဆိုပါကိစ္စ ကိုရော်နယ်ဒို ကိုယ်တိုင် ငြင်းဆိုခဲ့ပြီး အခုအခါမှာတော့ လက်စ်ဗီးဂတ်ရှေ့ နေချုပ်ရုံးက ရော်နယ်ဒိုဟာ ထို့အမှုအတွက် စွဲချက်တင်ခံရတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

အသက် ၃၄ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ကာသန်မာယော်ဂါဟာ ကျောင်းဆရာမဟောင်း တစ်ဦးဖြစ်ပြီး ၊ ၂၀၀၉ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ည အစောပိုင်းက လက်စ်ဗီးဂက်ကပန်းမ် ဟိုတယ်မှာရော်နာဒိုဟာ သူ့မကို အတင်းအားဓမ္မပြုကျင့်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့သူ ဖြစ်ပါတယ်။ရော်နယ်ဒို ကတော့ဒီကိစ္စကို Video Live လွှင့်ပြီး ဒါကိုငြင်းဆန်ထားခဲ့ပါတယ်။

ဖြစ်စဉ်က ရော်နယ်ဒိုဟာ အဲဒီအချိန်ကအပန်းဖြေဖို့အမေရိကားကို ရောက်ရှိနေချိန်ဖြစ်ပြီး ၊ မာယော်ဂါနဲ့ကလပ်တစ်ခုမှာ တွေ့ဆုံခဲ့ကြပါတယ်။ ထို့နောက်ရော်နာဒိုက မာယော်ဂါကိုသူ့နေတဲ့ အခန်းဆီခေါ်ဆောင်ခဲ့ပြီး ရေးချိုးကန်ထဲမှာ အတူတူရေးချိုးဖို့ စည်းရုံးခဲ့တယ်လို့ ဆိုပါတယ်။

ထို့နောက် အမျိုးသမီးကိုအင်္ကျီတွေ လဲဖို့ပြောဆိုခဲ့ပြီးနောက် အ၀တ်လဲနေချိန်မှာပဲ ရော်နယ်ဒို အနားကိုကပ်လာပြီး အမျိုးမျိုးငြင်းဆန်နေသည့် ကြားထဲကနေအတင်းအဓမ္မ ရယူသွားခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။

စီရော်နယ်လ်ဒိုကလည်း မိမိတွင် အပြစ်မရှိကြောင်း ယုံကြည်သည့်အတွက် ရင်ဆိုင်ဖြေရှင်းသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုအခါ လက်စ်ဗီးဂတ်စ်ရှေ့နေချုပ်ရုံးက သံသယဖြစ်စေလောက်သည့် သက်သေပြချက မရှိသောကြောင့် စီရော်နယ်လ်ဒိုကို စွဲချက်တင်ခံရတော့မည် မဟုတ်ကြောင်းနှင့် စွပ်စွဲမှုကို ပယ်ချတော့မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။


23 Jul 2019     1,359 Views




RELATED

Most Popular of Football

Most Popular of Sport