BEC-TERO TV

ဝန်ထမ်းတွေကို လုပ်ငန်းရှယ်ယာတွေ ခွဲဝေပေးခဲ့တဲ့ Feel စားသောက်ဆိုင်ပိုင်ရှင်

30 Jul 2019     1,514 Views


Feel စားသောက်ဆိုင်လုပ်ငန်းပိုင်ရှင် ဦးစိုးညီညီဟာ feelစားသောက်ဆိုင်မှာ အလုပ်လုပ်ခဲ့ကြတဲ့ ဝန်းထမ်းပေါင်း (၃၇၅) ဦးကို သူ၏ လုပ်ငန်းမှ မိသားစုလုပ်ငန်းရှယ်ယာစာချုပ်ကို ဇူလိုင်လ (၂၉)ရက်နေ့ကနေ့ပေးအပ်ခဲ့ပါတယ်။ feel စားသောက်ဆိုင်လုပ်ငန်းဟာ ဝန်ထမ်းကြောင့် တိုးတက်လာခဲ့တာဖြစ်တာကြောင့် ဝန်ထမ်းတွေကို အကျိုးခံစားခွင့်အနေနဲ့ ရှယ်ယာအနေနဲ့ ထည့်ဝင်ပေးလို က်ခြင်း ဖြစ်ပါတယ်။

ဝန်ထမ်းတွေကို ရှယ်ယာအနေနဲထည့်ဝင်ပေးလိုက်ခြင်းအပေါ် feel စားသောက်ဆိုင်လုပ်ငန်းပိုင်ရှင် ဦးစိုးညီညီက “ ဘာလို့စာချုပ်နဲ့ပေးလိုက်ရလဲဆိုတော့ ကိုယ်မှာက အိမ်ထောင်လဲမရှိဘူး၊ အဖေ အမေလည်းမရှိတော့ဘူး ၊ ညီအစ်ကို မောင်နှမလည်းပေးစရာမလိုတော့ဘူးဆိုတော့ ကိုယ်ဘာသူပဲဖြုန်းရတော့မှာလေ၊ ကိုယ်သေသွားရင် သူပိုင်တယ်ကိုယ်ပိုင်တယ် အငြင်းပွားမှာဆိုးတာကြောင့် ဝန်ထမ်းတွေလည်း အကျိုးရှိအောင်လို့ သူတိုကို ရှယ်ယာအနေနဲ့ ခံစားခွင့်ပြုလိုက်တာ ” လို့ ဆိုပါတယ်။

လက်ရှိဖွင့်နေတဲ့ဆိုင်တွေမှာ အလုပ်လုပ်နေတဲ့ လုပ်သက် အနည်းဆုံး(၅)နှစ်ရှိတဲ့ ဝန်ထမ်းတစ်ဦးကို ငွေကျပ်သိန်း(၂၀)နဲ့(၁)နှစ်တိုးတိုင်း (၅)သိန်းကျပ် ၊( ၆)နှစ်လုပ်သက်ရှိသူက ရှယ်ယာ(၂၅)သိန်းနဲ့ လုပ်သက် (၁၅) နှစ်ရှိသူက သိန်းရဝကျပ်ရှယ်ယာပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ လုပ်ငန်းတစ်ခုလုံးရဲ့ မတည်စားရိတ်ကို စျေးနှုန်းတစ်ခုသတ်မှတ်ပြီး လစဉ်ဝင်ငွေတွေထဲက အမြတ်တွေကို ထည့်ဝင်ထားတဲ့ငွေအချိုးအလိုက်(၃)လတစ်ခါတွက်ချက်ပြီးပေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

“အလုပ်လုပ်ရင်းနဲ့ ကိုယ်ပါ လုပ်ငန်းရှင်တစ်ဦးအနေနဲ့ ဖြစ်ခွင့်ရတော့မှာဆိုတော့ အတိုင်းမသိ ဝမ်းသာမိပါတယ်။ မိသားစုအတွက်လည်း စိတ်အေးရတာပေါ့ ” လိုု လုပ်သက် (၇)နှစ်ရှိတဲ့ ဆိုင်ဝန်ထမ်းတစ်ဦးကပြောပါတယ်။
 
feelစားသောက်ဆိုင်လုပ်ငန်းဟာ မြို့ကြီးတစ်ချို့မှာ ဆိုင်ခွဲပေါင်း (၃၅) ဆိုင်အထိရှိပြီး ဝန်ထမ်းပေါင်း ၂ ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။ ဇူလိုင်လ(၂၉) ရက်နေက ဝန်းထမ်တစ်ဝက်ခန့်ကို စာချုပ်တွေပေးအပ်ခဲ့ပြီးဖြစ်ပြီး ကျန်တစ်ဝက်ကို သြဂုတ်လ(၁)ရက်နေ့မှာ ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

30 Jul 2019     1,514 Views




RELATED

Most Popular of Myanmar News

Most Popular of Sport