BEC-TERO TV

ပန်းချီဆရာ ဦးလွန်းကြွယ်ရေဘေးသင့်ပြည်သူများထံ ပန်းချီကားရောင်းရငွေများလှူဒါန်း

03 Sep 2015     1,868 Views


ပန်းချီဆရာဦးလွန်းကြွယ်အပါအ၀င်မိသားစုခြောက်ယောက်ရေးဆွဲထားတဲ့ပန်းချီကား တွေကိုပြပွဲပြုလုပ်ရောင်းချခဲ့ပြီးပန်းချီကားရောင်းရငွေအားလုံးကိုရေဘေးသင့်ပြည်သူ တွေကိုပြန်လည်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။ပန်းချီဆရာဦးလွန်းကြွယ်အနေနဲ့ပန်းချီဆရာတွေစုပေါင်းပြုလုပ်တဲ့ပန်းချီပြပွဲတွေမှာသူ့ရဲ့ပန်းချီကားများကိုပေးပို့ပြီးရေဘေးသင့်ပြည်သူများအတွက်လှူဒါန်းခဲ့သလိုသူ့မိသားစုဝင်တွေနဲ့စုပေါင်းပြီးတော့လည်းရေဘေးသင့်ပြည်သူတွေအတွက်ရန်ပုံငွေရှာဖွေတဲ့ပန်းချီပြပွဲကိုသြဂုတ်(၂၉)ရက်မှ စက်တင်ဘာ (၂)ရက်နေ့အထိ ဦးထွန်းမြတ်လမ်းရှိ Artist Life Art Gallery မှာပြသရောင်းချခဲ့ပါ တယ်။ဒီပန်းချီပြပွဲမှာတော့မိသားစုဝင်ခြောက်ယောက်ရေးဆွဲထားတဲ့ပန်းချီကားပေါင်း (၁၀၀)နီးပါးရောင်းချခဲ့ရပြီးရောင်းရငွေအားလုံးကို ဝေဠုကျော်ဖောင်းဒေးရှင်းနဲ့ ရေဘေး သင့်ဒေသများပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်မယ့် First Mliky Way ကုမ္ပဏီကိုငွေကျပ်သိန်းငါးဆယ် စီလှူဒါန်းခဲ့တယ်လို့သိရပါတယ်။


03 Sep 2015     1,868 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS