BEC-TERO TV

အီဘိုလာရောဂါ ပျောက်ကင်းအောင် ကုသနိုင်တဲ့ဆေးတွေ့ပြီ

13 Aug 2019     1,322 Views


အီဘိုလာရောဂါဟာ ကုရာနတ္ထိဆေးမရှိတဲ့ ရောဂါမဟုတ်တော့ပဲ ပျောက်ကင်းအောင် ကုသနိုင်တဲ့ဆေး၊ တွေ့ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ ဆေးသုတေသီများက ပြောကြားလိုက်သည်။
 
အီဘိုလာရောဂါ အဓိကဖြစ်ပွားရာ ဒီမိုကရက်တစ်သမ္မတကွန်ဂိုနိုင်ငံတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း နဲ့ ယူအက်စ်အမျိုးသား အင်စတီကျူ့တို့ ပူးပေါင်းပြီး အသစ်လေ့လာစမ်းသပ်ထားသော ဆေးဝါးများဖြင့် ကုသခဲ့ရာမှာ အသေအပျောက်နှုန်း သိသိသာသာလျော့နည်းလာပြီး အီဘိုလာရောဂါကို ထိန်းချုပ်နိုင်တာကိုတွေ့ခဲ့ရပါတယ်။
 
စမ်းသပ်ကုသမှုများကို နိုဝင်ဘာလက စတင်ခဲ့ပြီးနောက် နောက်ဆုံးမှာ အီဘိုလာရောဂါအားလုံးကို ကိုယ်ခံအားဆေးနှစ်မျိုးတည်းဖြင့် အကောင်းဆုံး ပျောက်ကင်းအောင် ကုသနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
 
“အခုချိန်ကစပြီး အီဘိုလာရောဂါဟာ ကုရာနတ္ထိဆေးမရှိတဲ့ ရောဂါ မဟုတ်တော့ပါဘူး” ဟု ကွန်ဂိုနိုင်ငံရှိ ဗီဝဗေဒဆိုင်ရာအမျိုးသားသိပ္ပံလေ့လာရေးဌာနမှ အကြီးအကဲဖြစ်သူ ပရော်ဖေက်ဆာ Jeam Jacques Muyembe က ပြောကြားခဲ့ပါတယ်။ စမ်းသပ်မှုတွေအရ ဒီဆေးဟာ ထောင်နဲ့ချီတဲ့ လူတွေရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
ယခင်ကဆိုရင် ကွန်ဂိုမှာ အီဘိုလာဖြစ်ပွားသူ ၇၀% ဟာ ကယ်တင်ဖို့နည်းလမ်းမရှိပဲ ဆေးရုံတွေပေါ်မှာ သေဆုံးခဲ့ကြရပါတယ်။ အခုချိန်မှာတော့ အီဘိုလာရောဂါကုသရေးဌါနတွေကို ရောက်လာတဲ့ လူနာ ၉၀% ဟာ အသက်ရှင်ပြီး ရောဂါပျောက်ကင်းနေကြပြီဖြစ်ကြောင်း ပြောပါတယ်။
 
ZMapp ၊ Remdesivir နဲ့ monoclonal ဆိုတဲ့ ဆေးများနဲ့ စမ်းသပ်ခဲ့ရာမှာ monoclonal ဆေးက ရောဂါကာကွယ်တားဆီးရာမှာ အကောင်းဆုံးဖြစ်ပြီး ဒီဆေးနဲ့ ကုသမှုကြောင့် သေဆုံးမှုဟာ ၂၉% သာရှိကြောင်းတွေ့ရှိရတဲ့အတွက် monoclonal ဆေးကို အီဘိုလာရောဂါကုသရာမှာ ဆက်လက်သုံးစွဲသွားမှာဖြစ်ပါတယ်။
 
ပျှမ်းမျှအားဖြင့် အီဘိုလာကြောင့် ဖျားနားတဲ့သူတွေဟာ ကုသရေးစင်တာတွေကို အချိန်မီရောက်မလာပဲ အိမ်မှာနေကြတာများပြီး ရောဂါပြင်းထန်ပြီး ၄ ရက်ကျော်လောက်မှ စင်တာကို ရောက်လာကြသူတွေများတဲ့အတွက် ဒီအခြေနေတွေပေါ်မှာ မူတည်ပြီး အသက်ရှင်နှုန်း ကွာခြားသွားတာဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဒေါက်တာ Michael Ryan က ပြောပါတယ်။
 
ဒါကြောင့်မို့ အီဘိုလာရောဂါ ဖြစ်ပွားသူတွေအနေနဲ့ ကျန်းမာရေးစင်တာတွေကို အမြန်ဆုံးလာရောက်ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ အီဘိုလာဗိုင်းရပ်စ်ဟာ ခန္ဓာကိုယ်က စွန့်ထုတ်လိုက်တဲ့ အရာတွေကနေ ပျံ့နှံ့တာကြောင့် မိသားစုဝင်တွေကိုပါ ကူးစက်နိုင်ကြောင်း The Guardian သတင်းတွင် ဖော်ပြပါရှိသည်။

13 Aug 2019     1,322 Views




RELATED

Most Popular of Health Fix

Most Popular of NEWS