BEC-TERO TV

နေမာအင်္ကျီရောင်းချမှုကို ရပ်တန့်လိုက်တဲ့ ပီအက်စ်ဂျီအသင်း

14 Aug 2019     1,384 Views


ပီအက်စ်ဂျီအသင်းဟာ ကလပ်အသင်း၏တရားဝင်အရောင်းဆိုင်မှ အသင်းတိုက်စစ်မှူးနေမာ အင်္ကျီရောင်းချမှုကို ရပ်တန့်လိုက်ပြီလို့ စပိန်သတင်းစာ MARCA ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဘရားဇီးတိုက်စစ်မှူး နေမာဟာ ပီအက်စ်ဂျီအသင်းကနေ ထွက်တော့မယ်လို့ သတင်းတွေထွက်ပေါ်လာပြီး သူကို ခေါ်ယူဖို့ စပိန်ထပ်သီး ရီးရဲလ်မက်ဒရစ်နဲ့ ၊ ဘာစီလိုနာ အသင်းတို့က အပြိုင်ကြိုးစားနေကြပါတယ်။

ပီအက်စ်ဂျီ ပရိတ်သတ်တွေဟာ လီဂူးရာသီအစ ပွဲစဉ်(၁) မှာ နီးစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး နေမာကို “ အသင်းမှထွက်သွား ” ပါရှိတဲ့ စာတန်းကို ကိုင်ဆွဲကာ ဆန္ဒပြခဲ့ကြပါတယ်။ နေမာကိုယ်တိုင်ကလည်း ပီအက်စ်ဂျီအသင်းမှာ မပျော်ရွင်တော့တာကြောင့် ခေါ်ယူမယ့်အသင်းတစ်သင်းကို စောင့်မျှော်နေတယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းက နေမာကို ပြောင်းရွေ့ ကြေး ပေါင် သန်း (၂၀၀) ရရှိပါက ရောင်းချသွားဖို့ စီစဉ်နေပြီး ပြီးခဲ့တဲ့ အပါတ်က ဘာစီလိုနာအသင်း တာဝန်ရှိသူတွေဟာ အသင်းမှကစားသမား တစ်ယောက်အလိုက်ပေးပြီး နေမာကို ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်း တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တယ်လို့လည်း သတင်းထွက်ပေါ်ခဲ့ပါတယ်။ ရီးရဲလ် ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်ကလည်း နေမာ အတွက် လူကာမိုဒရစ် ပါ အလိုက်ပေး ကမ်းလှမ်းချင်နေတယ်လို့ သိရှိရပါတယ်။

အသက် ၂၇ ရှိနေမာဟာ ၂၀၁၇ ခုနှစ်  သြဂုတ်လတုန်းက ဘာစီလိုနာအသင်းမှ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၁၉၈ သန်း နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီးနေမာဟာ ပြိုင်ပွဲစုံ ၅၈ ပွဲတွင် ၅၁ သာ သွင်းယူပေးခဲ့ပြီး ပြင်သစ်လီဂူး ၁ အမှတ်ပေးဖလား ၂ ကြိမ် ရရှိအောင် ကူညီစွမ်းဆောင်ပေးခဲ့ပါတယ်။

ဘရားဇီးတိုက်စစ်မှူးနေမာ ဘယ်အသင်းကို ရောက်ရှိသွားမလဲဆိုတာကို နောက်ဆုံးအချိန်ထိ စောင့်ကြည့်ကြရအောင်.


14 Aug 2019     1,384 Views




RELATED

Most Popular of Football

Most Popular of Sport