BEC-TERO TV

မြန်မာနိုင်ငံမှ ပေ့ခ်ျ ၊ ဂရုနဲ့ အကောင့်တုတွေကို ဖေ့စ်ဘုတ်က ဖယ်ရှား

23 Aug 2019     3,986 Views


ဖေ့စ်ဘုတ်ဟာ မြန်မာနိုင်ငံမှ ဖေ့စ်ဘုတ်သုံးစွဲသူ အကောင့်အတုတွေနဲ့ ၊ ပေ့ခ်ျ နှင့် ဂရု တွေကို ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ဖယ်ရှားလိုက်တယ်လို့ သြဂုတ် ၂၁ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ အကောင့်တုတွေ ၊ ပေ့ခ်ျတွေကနေ လူတွေကို မကောင်းမြင်ဝါဒနဲ့ နိုင်ငံရေး လော်ဘီပြုလုပ်သူများကိုလည်း မျက်စိဒေါက်ထောက် ကြည့်ရူနေပြီး ဖယ်ရှားပစ်ခဲ့တာဖြစ်ပါတယ်။

ဖေ့စ်ဘုတ်ဟာ မှန်မှန်ကန်ကန် အသုံးမပြုတဲ့ အကောင့်တုတွေကို ဦးတည်ပြီး ဖယ်ရှားခဲ့တာဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ နည်းပညာကွန်ယက်ကြီးပေါ်မှာ လုံခြုံစွာ အသုံးပြုနိုင်စေဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ ဖေ့စ်ဘုတ်သုံးစွဲသူတိုင်းကို လုံခြုံမှုရစေဖို့အတွက် ကျွမ်းကျင် အိုင်တီလုံခြုံရေးပညာရှင်တွေနဲ့ အခြားအိုင်တီကုမ္ပဏီ အဖွဲ့အစည်းတွေနဲ့ ပူပေါင်းကာ ဆောင်ရွတ်နေခြင်းဖြစ်ပါတယ်။

ဖေ့စ်ဘုတ်က မြန်မာနိုင်ငံတဲ့ သက်ဆိုင်တဲ့ သတင်းတုတွေဖြန်ဝေတဲ့ ပေ့ခ်ျ (၁၀၇) ခု၊ အကောင့် (၈၉) ခု ၊ ဖေ့စ်ဘုတ် ဂရု (၁၅) တိုကို ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖေ့စ်ဘုတ်နဲ့ စပ်လျဉ်းတဲ့ အင်စတာဂရမ်မှ အကောင့် (၅) ခုကိုလည်း ဖယ်ရှားလိုက်တယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

တစ်ချို့ပေ့တွေမှာဆိုရင် Follower ထောင် ၊ သောင်းချီရှိတဲ့ ပေ့တွေပါဝင်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ဖေ့စ်ဘုတ်က မြန်မာတပ်မတော်မှ အကြီးအကဲတွေနဲ ၊ ရိုဟင်ဂျာ အရေးနဲ့ ပါတ်သတ်ပြီး အမုန်းစကားတွေ ဖြန့်ဝေတဲ့ အကောင့် ၊ ပေ့ခ်ျတွေကို ပိတ်ပစ်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှ မတ်လအတွင်း ဖေ့ဘုတ်က အကောင့်တု (fake account) ပေါင်း (၃) သန်းကျော် ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ဖယ်ရှားခဲ့ပါတယ်။

Ref ; reuters


23 Aug 2019     3,986 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS