BEC-TERO TV

ကိုယ်ရဲ ့Activity တချို့ကို ခြေရာဖျောက်ထားနိုင်တော့မယ့် off- Facebook Activity

03 Sep 2019     1,316 Views


ကမ္ဘာ ့ပေါ်မှာဆိုရှယ်အသုံးပြုမှုအများဆုံးဖြစ်နေတဲ့ Facebook ဟာ သုံးစွဲသူတွေရဲ ့ ဒေတာအချက်အလက်တွေနဲ့ Activity တွေကိုကောင်းကောင်းသိရှိပါတယ်။ သင့်ဘယ်သူလဲဆိုတာကိုပါ သိရှိနိုင်ပြီး သင့်ရဲ့ လုပ်ဆောင်မှုတွေကို အမြဲစောင့်ကြည့်နေသူလို့ပါ ဆိုနိုင်ပါတယ်။
 
ဥပမာ ကိုယ့်ကဗိုက်ဆာနေလို့ အစားအစာနဲ့ပါတ်သတ်တဲ့ ပေ့ချ်တွေကို ဝင်ကြည့်နေပြီဆိုရင် Facebook က အစားအစာနဲ့ပါတ်သတ်တဲ့ Ads ကြောငြာတွေကို အလိုမရှိလည်း သင့်စာမျက်နှာပေါ်မှာ အလိုအလျှောက် တက်လာစေနိုင်မှာပါ။

အဲ့ဒီလိုမျိုးကိစ္စတွေကို ရှောင်ရှားနိုင်ဖို့အတွက် Facebook၊ Messenger နဲ့ Instagram ပေါ်မှာ ကိုယ့်ရဲ ့Activity ကို ခြေရာဖျောက်နိုင်မယ့် Tool ကို စတင်လုပ်ဆာင်တော့မယ်လို့ သိရပါတယ်။ off- Facebook Activity လို့ခေါ်တဲ့ Tool တစ်ခုကို Facebook ကဖန်တီးထားပြီး ကိုယ်ရောက်ရှိခဲ့တဲ့  အက်ပလီကေးရှင်း ၊ ဝက်ဆိုဒ် တွေကို လိုက်မှတ်သားလို့မရအောင် လုပ်ဆာင်နိုင်မှာဖြစ်ပါတယ်။
 
အဆိုပါ  Tool အသစ်ကို လောလောဆယ် အိုင်ယာလန် ၊ စပိန် ၊ တောင်ကိုရီးယား စတဲ့ (၃) နိုင်ငံမှာသာ အသုံးပြုလို့ရနေပြီ်း မကြာခင်မှာ အမေရိကန်နိုင်ငံအပြင် အခြားနိုင်ငံတွေမှာ အသုံးပြုနိုင်တော့မယ်လို့ သိရပါတယ်။

Facebook ဟာ ကြောငြာကနေ အဓိကဝင်ငွေရှာပြီး သုံးစွဲသူတွေရဲ့ ဒေတာအချက်အလက်တွေကို နည်းနှစ်မျိုးသုံးပြီးတော့ ရယူတယ်လို့ သိရပါတယ်။ ပထမတစ်နည်းက ကိုယ်က ဘယ်ပေ့ချ်တွေကို like ၊ Comment ပေးလဲ ၊ နောက် အက်ပလီကေးရှင်း ၊ ဝက်ဆိုဒ်တွေမှာ Log in ဝင်ထားလဲဆိုတဲ့နည်းနဲ့ ဒေတာတွေကို ရယူတာဖြစ်ပါတယ်။ နောက်တစ်နည်းက Facebook Pixel လို့ခေါ်တဲ့ Program Code နဲ့ သုံးစွဲသူရဲ ့ဒေတာအချက်အလက်တွေကို မှတ်သား ရယူတာပါ။

အဲ့ဒီလို သုံးစွဲသူတွေရဲ့ ဒေတာအချက်အလက်တွေကို ရယူပြီး ကိုဝင်ရောက်ခဲ့တဲ့ ပေ့ချ် ၊ ဝက်ဆိုဒ်တွေမှတဆင့် ကိုယ်ရဲ့ စာမျက်နှာပေါ်ကို ကြောငြာတွေကို ပို့ဆောင်တာဖြစ်ပါတယ်။ အဲ့ဒီလို ကြော်ငြာတွေကို ကိုယ်ရဲ့ စာမျက်နှာပေါ်မှာ မပြနိုင်ဖို့အတွက် Facebook Setting ကနေ off- Facebook Activity မှာ ပိတ်ထားနိုင်တော့မှာ ဖြစ်ပါတယ်။
 
ဒါပေမယ့် ကြော်ငြာအားလုံးကိုတော့ ပိတ်သွားမှာမဟုတ်ဘဲ ကိုယ့်ဆီကိုဦးတည်တဲ့ ကြောငြာတွေပဲ ရပ်တန့်သွားမှာဖြစ်ပါတယ်။ Facebook ဟာ ကြောငြာကနေ အဓိကရပ်တည်နေတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က Facebook ဟာ ဒေါ်လာ ဘီလီယံ (၅၀) ကျော်အထိဝင်ငွေရရှိတယ်လို့ သိရပါတယ်။

Ref; voa,bbc


03 Sep 2019     1,316 Views




RELATED

Most Popular of Special or Others

Most Popular of NEWS