BEC-TERO TV

ဂူဟဲဆောင်းန် အန်ဂျယ်ဟွန်းဆီကလိုချင်နေတဲ့ အိမ်တန်ဖိုး

06 Sep 2019     1,384 Views


မြန်မာပရိတ်သတ်တွေ ဂင်ဂျန်ဒီ လို့သိကြတဲ့ F4 မင်းသမီးလေး ဂူဟဲဆောင်းန် ဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်နေ့က ခင်ပွန်းသည် အန်ဂျယ်ဟွန်းက သူမကို ကွာရှင်းတော့မည်ဖြစ်ကြောင်း ပရိတ်သတ်ကို အသိပေးလာပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း Disptach မီဒီယာ ချပြလိုက်တဲ့ မက်ဆေ့ခ်ျတွေအရ အန်ဂျယ်ဟွန်း ဘက်က အရင်ကွာရှင်းလိုတာကြောင့် သူမက နစ်နာသူဖြစ်ပြီး အတူနေတဲ့အိမ်ကို သူမကိုပေးဖို့ ပြောကြားထားပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ဂူဟဲဆောင်းက အန်ဂျယ်ဟွန်းကို မက်ဆေ့ခ်ျပို့ပြီး အိမ်ကိုတောင်းခဲ့ပါတယ်။

“ကွာရှင်းဖို့ နင့်ဘက်က တစ်ဖက်သတ်ဆုံးဖြတ်လိုက်တာကြောင့် ဒီအတောအတွင်းအလုပ်လုပ်နိုင်မယ်မထင်ဘူး။ ငါ ပိုက်ဆံဘယ်လောက်တောင်းမယ်လို့နင်ထင်လဲ?”

“ငါက နစ်နာသူပဲ Yongin ကအိမ်ကို ငါ့ကိုပေးပါ” ဆိုပြီး မက်ဆေ့ခ်ျပို့ခဲ့ပါတယ်။

အန်ဂျယ်ဟွန်းဘက်က Yongin အိမ်ကိုပေးဖို့ သဘောတူခဲ့ပြီး ကွာရှင်းပြီးရင် ဂူဟဲဆောင်းန် အပိုင်ဖြစ်ကြောင်း ပရိတ်သတ်ကို အသိပေးကြေညာထားပါတယ်။

Yongin ရှိ အိမ်တန်ဖိုးကို တွက်ကြည့်တဲ့အခါမှာတော့ ကိုးရီးယားဝမ် သန်း(၉၀) တန်ဖိုးရှိပြီး အမေရိကန်ဒေါ်လာအားဖြင့် (၇)သောင်းခွဲ ရှိကြောင်း koreaboo မီဒီယာမှာ ဖော်ပြထားပါတယ်။

တစ်ဖန် ဂူဟဲဆောင်းန်က အိမ်မှုကိစ္စအသုံးစရိတ်၊ အိမ်မွေးတိရစ္ဆာန် ထိန်းသိမ်းစရိတ်တွေအပြင်၊ မင်္ဂလာပွဲကုန်ကျစရိတ်၊ နေထိုင်စရိတ်၊ ပရိဘောဂစရိတ်၊ အန်ဂျယ်ဟွန်း အမေကို ဝယ်ပေးလိုက်ရတဲ့ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်နဲ့ အဲကွန်းဖိုး စုစုပေါင်း ဝမ် ၁၀၆.၇ သန်းကို ပြန်လည်ပေးချေဖို့ တောင်းထားပါတယ်။ ထိုအထဲက အန်ဂျယ်ဟွန်း သူမကို ပြန်ချေးထားတဲ့ ဝမ်သန်း ၂၀ ကိုနှုတ်လိုက်တဲ့အခါ ဝမ် ၈၆.၇ သန်းကျန်ရှိပါတယ်။ ဂူဟဲဆောင်းန်ဟာ ၈၆.၇ သန်းကို ပြန်ပေးဖို့ အန်ဂျယ်ဟွန်းကို မက်ဆေ့ခ်ျပို့ပြီး တောင်းထားပါတယ်။

အဆိုပါ ကုန်ကျစရိတ် အဝဝကို အန်ဂျယ်ဟွန်းဘက်က တာဝန်ယူပေးသွားမှာဖြစ်ကြောင်း မက်ဆေ့ခ်ျထဲမှာ ရေးသားထားပါတယ်။

Ref:koreaboo

(ပိုပိုလေး)

 

 


06 Sep 2019     1,384 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS