BEC-TERO TV

ဂျပန်အသင်းနဲ့ပွဲမှာ မြန်မာပရိတ်သတ်တွေ ကျေနပ်စေမယ့်လို့ မြန်မာနည်းပြချုပ်ပြောကြား

10 Sep 2019     1,327 Views


ယနေ့ညနေမှာတော့ မြန်မာအသင်းဟာ အာရှအင်အားကြီးဂျပန်အသင်းနဲ့ သုဝဏ္ဏဘောလုံးကွင်းမှာ ယှဉ်ပြိုင်ကစားတော့မှာဖြစ်ပါတယ်။ မြန်မာအသင်းဟာ အုပ်စုပွဲစဉ်(၁) မှာ မွန်ဂိုလီးယားအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ဂျပန်အသင်းနဲ့ကစားမည့် ပွဲစဉ်ဟာ အရေးပါတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။

ဂျပန်အသင်းဟာ အာရှအင်းအားကြီးအသင်းတစ်သင်းဖြစ်ပြီး ဥရောပအခြေစိုက်ဘောလုံးအသင်းတွေမှာ သွားရောက်ကစားနေတဲ့ ကစားသမားအများစုနဲ့ ဖွဲ့ စည်းထားတဲ့အသင်းဖြစ်ပါတယ်။ အုပ်စုပွဲစဉ်(၁) မှာ အင်အားအနည်းဆုံးဖြစ်တဲ့ မွန်ဂိုလီးယားအသင်းကို ရှုံးနိမ့်ထားတဲ့အတွက်ကြောင့် မြန်မာအသင်းပရိတ်သတ်တွေ အနေနဲ့ အားမလိုအားမရဖြစ်ခဲ့ကြပါတယ်။ ဒီကနေ့ ကန်မယ့် ဂျပန်အသင်းနဲ့ပွဲကို မြန်မာနည်းပြချုပ် ရာဂျူလိုဗစ်က ပရိတ်သတ်တွေ စိတ်ကျေနပ်စေမယ့် ရလဒ်မျိုးထွက်အောင် ကြိုးစားသွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနည်းပြချုပ် ရာဂျူလိုဗစ်က “ကျွန်တော်တို့အသင်းဟာ မွန်ဂိုလီးယားနဲပွဲမှာ ကစားပုံပိုကောင်းမွန်ခဲ့ပြီး ကံအကြောင်းမလှလို့သာ ရှုံးနိမ့်ခဲ့ရတာပါ။ အရေးနိမ့်ခဲ့တယ်ဆိုပေမယ့် စင်ကာပူအသင်းကို အနိင်ရခဲ့တဲ့ ပွဲထွက် ပိုကောင်းလာပါတယ်။ ဂျပန်အသင်းဟာ ကစားသမားကောင်းတွေ အများကြီးရှိတာကြောင့် ခက်ခဲ့မယ် ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာအသင်းပရိတ်သတ်တွေ ပျော်ရွင်စေဖို့ ရလဒ်ကောင်းတစ်ခုကို ထွက်ပေါ်အောင် ကြိုးစားသွားမှာပါလို့ ” ပြောကြားခဲ့ပါတယ်။

မြန်မာအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အုပ်စု(F) မှာ ဂျပန်၊ ကာ ဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ မွန်ဂိုလီးယားတို့ နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး ပွဲစဉ်(၁) မှာ မွန်ဂိုလီယားအသင်းကို အဝေးကွင်းမှာ ရှုံးနိမ့်ထားခဲ့ပါတယ်။

ဂျပန်အသင်းဟာ ကမ္ဘာ့ ဖလားကို (၆) ကြိမ်ဆက် ပါဝင်ကစားခွင့်ရထားတဲ့ အသင်းကြီးတစ်သင်းဖြစ်ပြီး ဥရောပမှာသွားရောက်ကစားနေတဲ့ ကစားသမားအများစုနဲ့ ပါဝင်ဖွဲ့ စည်းထားတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။

ပရိတ်သတ်ကြီးရော မြန်မာလက်ရွေးစင်အသင်းနဲ့ ဂျပန်လက်ရွေးစင်အသင် ဘယ်အသင်းကအနိုင်ရပြီး ဘယ်လိုရလဒ်တွေ ထွက်ပေါ်မလဲဆိုတာကို ကော်မန့်မှာ ခန့်မှန်းသုံးသပ်ပေးပါဦး….


10 Sep 2019     1,327 Views




RELATED

Most Popular of Football

Most Popular of Sport