BEC-TERO TV

FIFA 20 မှာ Passing Rating နည်းတဲ့အပေါ် EA Sports FIFA ကိုမေးခွန်းထုတ်ခဲ့တဲ့ ဆန်ချို

10 Sep 2019     1,370 Views


မနေ့က FIFA 20 ရဲ့ Player Rating များထွက်ပေါ်ခဲ့ပြီး ထိပ်ဆုံးစာရင်းမှာ ထုံးစံအတိုင်း မက်စီ ၊ ရော်နယ်ဒို တို့ ဦးဆောင်ခဲ့ပြီး နေမာက တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။ FIFA 20 ရဲ့ Player Rating ထွက်ပေါ်လာတဲ့နဲ့ ပါက်သတ်ပြီး ဒေါမွန်အသင်းနှင် အင်္ဂလန်ကြယ်ပွင့်ကစားသမားလေး ဆန်ချိုဟာ သူရဲ့ Rating နဲ့ပါတ်သတ်ပြီး မကျေမနပ်ဖြစ်ကာ EA Sports FIFA ကို မေးခွန်းထုတ်ခဲ့ပါတယ်။

ဆန်ချိုက သူရဲ့Player Rating ဟာ  ၈၄ ရှိပေမယ့် သူရဲ့ Passing (ကျော်ဖြတ်နိုင်စွမ်း) စွမ်းဆောင်မှုကတော့ ၇၇ သာရှိနေတဲ့အတွက်ကြောင့် Twitter မှတဆင့် EA Sports ကိုမေးခွန်းထုတ်ခဲ့ပါတယ်။ ဆန်ချိုက “ငါထင်တာက ၉၀ လောက်ထိရှိမယ်ထင်ထားတာ … ။ နည်းနည်းတော့ မရက်စက်ဘူးလား ” ဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

ဒါကို EA Sports FIFA ကလည်း ဆန်ချိုရဲ့ ပို့စ်ကို ရှဲကာ “ မင်းရဲ့ Dribbling (လိမ်ခေါက်နိုင်စွမ်းက ) ၉၀ အထိရှိနေခဲ့ပြီလေ..။”  ပြန်လည် ချေပခဲ့ပါတယ်။ ဆန်ချိုဟာ FIFA ၁၉ တုန်းက သူရဲ့ Player Rating က ၇၂ သာရှိခဲ့ပြီး FIFA 20  မှာတော့ ၈၄ အထိတစ်ဟုန်ထိုး မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

ဆန်ချိုဟာ ပြီးခဲ့တဲ့နှစ်က ဒေါ့မွန်အသင်းအတွက် ကိုယ်တိုင်၁၂ ဂိုးသွင်းယူကာ ၁၄ ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။


10 Sep 2019     1,370 Views




RELATED

Most Popular of Football

Most Popular of Sport