BEC-TERO TV

iPhone မော်ဒယ်အသစ် ၃ မျိုးရဲ့ စျေးနှုန်းနဲ့ ထူးခြားချက်များ

11 Sep 2019     2,014 Views


Apple က iPhone မော်ဒယ်လ်အသစ်တွေနဲ့ အခြားပစ္စည်းအသစ်တွေကို စက်တင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ Apple Event 2019 မှာ မိတ်ဆက်ပြသခဲ့ပါတယ်။
 
iPhone 11 Pro ၊ iPhone 11 Pro Max ၊ iPhone 11 Pro Max
 
iPhone 11, iPhone 11 Pro နဲ့ iPhone 11 Pro Max ဆိုပြီး အိုင်ဖုန်းမော်ဒယ်အသစ် ၃ ခု ထပ်မံထွက်လာပါတယ်။ ဒီမော်ဒယ် ၃ ခုမှာ အကြီးမားဆုံးကွာဟချက်ကတော့ screen မျက်နှာပြင် ဖြစ်ပါတယ်။
 
iPhone 11 ရဲ့ မျက်နှာပြင်ဟာ LCD screen ဖြစ်ပြီး Pro နဲ့ Pro Max တို့ရဲ့ မျက်နှာပြင်ကတော့ OLED screen ဖြစ်ပါတယ်။ နောက်ထပ်ကွာခြားမှုတစ်ခုကတော့ ကင်မရာမှန်ဘီလူးပါ။ iPhone 11 မှာ မှန်ဘီလူးနှစ်ခုပါဝင်ပြီး Pro နဲ့ Pro Max တို့မှာတော့ ၃ ခုပါဝင်ပါတယ်။
 
 
မျက်နှာပြင် Screen နဲ့ ကင်မရာမှန်ဘီလူးတို့ကလွဲရင် ဖုန်းမော်ဒယ် ၃ ခုစလုံးက မြန်ဆန်ပြီး လုပ်ဆောင်ချက်တွေကို အပြည့်အဝပံ့ပိုးပေးနိုင်မယ့် A13 bionic chip ပါဝင်သလို ကင်မရာဆော့ဖ်ဝဲမှာလည်း တိုးတက်ပြောင်းလဲထားပါတယ်။
 
ကင်မရာရိုက်ကူးမှု ပုံရိပ်အရည်အသွေးကို ၁၂ မီဂါပစ်ဆယ် (12 megapixels) ထိ မြှင့်တင်ထားပြီး အနှေးပုံရိပ်၊ မြင်ကွင်းကျယ်ပုံရိပ်တွေကို 4K အရည်အသွေးထိ ကျကျနနရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
 
ဘက်ထရီအားသွင်းကြိုးကိုလည်း ယခင်က ၅ ဝပ်အစား ၁၈ ဝပ်ထိ အဆင့်မြှင့်ထားပါတယ်။ ဖုန်းကနေ ဗီဒီယိုတွေကြည့်မယ်ဆိုရင်တောင် ဘက်ထရီရဲ့ခံနိုင်ရည်က ၁၇ နာရီကြာ ထောက်ပံ့ပေးနိုင်ပါတယ်။ Pro နဲ့ Pro Max ကတော့ ၁၈ နာရီထိ ခံနိုင်ရည်ရှိပါတယ်။
 
စျေးနှုန်းတွေကတော့ iPhone 11 ကို ဒေါ်လာ ၆၉၉ ၊ iPhone Pro က ဒေါ်လာ ၉၉၉ နဲ့ iPhone Pro Max က ဒေါ်လာ ၁၀၉၉ ကနေ စတင်မှာ ဖြစ်ပါတယ်။ iPhone ရဲ့ Storage ပေါ်မူတည်ပြီး စျေးနှုန်းတွေ အောက်ပါအတိုင်းထပ်မြင့်သွားမှာပါ။
 
iPhone 11 
Storage 64 GB / US$ 699
Storage 128 GB / US$ 749
Storage 256 GB / US$ 849
 
iPhone 11 Pro
Storage 64 GB / US$ 999
Storage 256 GB / US$ 1149
Storage 512 GB / US$ 1349
 
iPhone 11 Pro Max
Storage 64 GB / US$ 1099
Storage 256 GB / US$ 1249
Storage 512 GB / US$ 1449
 
Ref: Apple
 

11 Sep 2019     2,014 Views




RELATED

Most Popular of Special or Others

Most Popular of NEWS