BEC-TERO TV

ပိုက်ဆံနဲ့တန်ကြေးလာဖြတ်သူတွေကြောင့် ပေါက်ကွဲနေတဲ့ နေခြည်ဦး

11 Sep 2019     1,342 Views


နာမည်ကြီး Beauty Blogger တစ်ယောက်ဖြစ်ရုံသာမက အနုပညာလောကထဲမှာပါ အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လာတဲ့ နေခြည်ဦးကတော့ သူမကိုချစ်တဲ့ ပရိသတ်အခိုင်အမာကို ရရှိပိုင်ဆိုင်ထားတာပါ။ လက်ရှိမှာတော့ နေခြည်ဦးက ဆိုရှယ်မီဒီယာမှာ Follower အများဆုံးရရှိထားတဲ့ အနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်နေပြီး မြန်မာနိုင်ငံရဲ့အထင်ရှားဆုံး၊ အကျော်ကြားဆုံးဆယ်လီတစ်ယောက်ဖြစ်နေပါပြီ။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

နေခြည်ဦးကတော့ သူမရဲ့မဆုတ်မနစ် ကြိုးစားအားထုတ်မှုတွေ၊ ပရိသတ်အပေါ် အမြဲလေးစားတန်ဖိုးထားတဲ့စိတ်ကြောင့် အချိန်တိုလေးအတွင်းမှာပင် ထင်ရှားတောက်ပတဲ့ကြယ်တစ်ပွင့်ဖြစ်လာခဲ့ပါပြီ။ အောင်မြင်ကျော်ကြားသူတို့ရဲ့ထုံးစံအတိုင်း လှုပ်ရှားပြောဆိုမှုမှန်သမျှကို မျက်စိဒေါက်ထောက်စောင့်ကြည့်ခံရတဲ့ နေခြည်ဦးကတော့ အတိုက်အခိုက်များစွာ၊ ဝေဖန်မှုတွေများစွာခံရသူလည်းဖြစ်ပါတယ်။

လတ်တလောမှာတော့ ခြည်ခြည်တစ်ယောက် သူမရဲ့ဖေ့စ်ဘွတ်မှာ ပေါက်ကွဲနေတာကိုတွေ့ရပါတယ်။ လက်ရှိမှာ ကြော်ငြာများစွာ၊ ပွဲတက်များစွာ၊ ရုပ်ရှင်ရိုက်ကူးမှုများစွာ လုပ်ကိုင်နေရတဲ့ နေခြည်ဦးက သူမကိုပိုက်ဆံနဲ့တန်ကြေးလာဖြတ်သူတွေကြောင့် ဒေါသပုန်ထနေတာပဲဖြစ်ပါတယ်။ သူမအနေဖြင့် ပိုက်ဆံလိုနေလို့ အနုပညာအလုပ်တွေကို လုပ်နေတာမဟုတ်ကြောင်းနဲ့ အရာရာကိုငွေနဲ့ တန်ဖိုးမဖြတ်သင့်တဲ့အကြောင်းကို ပြောဆိုထားတာဖြစ်ပါတယ်။

နေခြည်ဦးက “ပိုက်ဆံရမှ ကြော်ငြာရအောင် ပိုက်ဆံလိုနေတာလဲ မဟုတ်…. ပိုက်ဆံပေးတိုင်း ကြော်ငြာပေးရအောင်လဲ Billboardလဲ မဟုတ်… Personal branding ကို ကြိုးကြိုးစားစားလုပ်နေတဲ့ လူငယ်လေးတစ်ယောက်ပါကွာ…. အရာရာကို ငွေနဲ့ တန်ဖိုးမဖြတ်စေချင်ဘူး” လို့ ရေးသားထားတာဖြစ်ပါတယ်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်။

(ပိုပိုလေး)


11 Sep 2019     1,342 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment