BEC-TERO TV

တရားရုံးတွင် ဗစ်တိုးရီးယားမှ ကိုကိုညီညီဓာတ်ပုံကို ဖနောင့်နဲ့ပေါက်ပြီး လက်နဲ့ထုရိုက်ပြခဲ့

11 Sep 2019     1,387 Views


နေပြည်တော် Wisdom Hill မူကြိုကျောင်းတွင်ဖြစ်ပွားခဲ့တဲ့ သမီးငယ်လေးဗစ်တိုးရီးယားရဲ့အမှုဟာ တစ်တိုင်းတစ်ပြည်လုံးက စိတ်ဝင်တစားကြည့်ရှုစောင့်ကြည့်နေခဲ့ကြတဲ့ အမှုတစ်ခုဖြစ်ပြီး ယနေ့စက်တင်ဘာလ (၁၁) ရက်နေ့မှာတော့ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် ဗစ်တိုးရီးယားလေးကို စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပါတယ်။
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
 
နေပြည်တော် Wisdom Hill မူကြိုကျောင်းတွင်ဖြစ်ပွားခဲ့တဲ့ သမီးငယ်လေးဗစ်တိုးရီးယားရဲ့အမှုဟာ တစ်တိုင်းတစ်ပြည်လုံးက စိတ်ဝင်တစားကြည့်ရှုစောင့်ကြည့်နေခဲ့ကြတဲ့ အမှုတစ်ခုဖြစ်ပြီး ယနေ့စက်တင်ဘာလ (၁၁) ရက်နေ့မှာတော့ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် ဗစ်တိုးရီးယားလေးကို စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပါတယ်။ စိတ်ဝင်စားသူပြည်သူတစ်ချို့ကတော့ တရားခွင်မစတင်မှီကတည်းက တရားရုံးရှေ့တွင် သွားရောက်စောင့်ကြည့်နေခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။

တရားလိုဘက်မှ ဗစ်တိုးရီးယားမိခင်၊ ဖခင်ဖြစ်သူနဲ့ အဘွားဖြစ်သူတို့ကို စစ်ဆေးပြီးနောက် ယနေ့မှာတော့ သမီးငယ်လေး ဗစ်တိုးရီးယားကို ခေါ်ယူစစ်ဆေးမေးမြန်းခဲ့တာဖြစ်ပါတယ်။ တရားခွင်မှာ ဗစ်တိုးရီးယားကို ကိုကိုညီညီဓာတ်ပုံနဲ့ အောင်ကြီးဓာတ်ပုံကိုထုတ်ပြရာ သမီးလေးမှ ကိုကိုနဲ့ညီညီဓာတ်ပုံကိုရွေးချယ်ပြီး ဖနောင့်နဲ့ပေါက်ကာ လက်ဖြင့်ထုရိုက်ပြခဲ့တယ်လို့ သိရပါတယ်။

ထို့နောက် ဗစ်တိုးရီးယားက “ကိုကိုအငယ်က မီးမီးရဲ့ရင်ဘတ်ကို ထုတယ်၊ ကိုကိုအကြီးက မီးမီးရဲ့ဖင်ဖုကို စိပ်တယ်”ဆိုပြီးပြောကြောင်း တရားလိုရှေ့နေဖြစ်သူ ဒေါ်ရွက်နုအောင်က အင်တာဗျူးမှာဖြေကြားသွားပါတယ်။ ရှေ့နေဒေါ်ရွက်နုအောင်ဖြေကြားသွားတဲ့ အင်တာဗျူးဗီဒီယိုဖိုင်ကိုပါ ဖော်ပြပေးလိုက်ပါတယ်။

ကဲပရိသတ်ကြီးရေ…. သမီးငယ်လေးဗစ်တိုးရီးယားကတော့ သူမသိတဲ့အမှန်တရားကို ဖော်ထုတ်ပြခဲ့ပြီမို့ တရားခွင်ဟာ ဘယ်လိုရှေ့ဆက်ဖြစ်မယ်ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ကြပါဦးစို့လား….

Videos_Nay Pyi Taw

(ပိုပိုေလး)


11 Sep 2019     1,387 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS