BEC-TERO TV

ကွင်းတွင်းဝင်ရောက်ခဲ့တဲ့ မြန်မာပရိတ်သတ်ကြောင့် MFF ဒဏ်ကြေး ပေးဆောင်ရဖွယ်ရှိနေ

11 Sep 2019     1,356 Views


မနေ့က ညက မြန်မာလက်ရွေးစင်အသင်းနှင့်ဂျပန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ပွဲကစားနေစဉ်အတွင်း မြန်မာဘက်မှာ ပရိတ်သတ်တစ်ဦး ကွင်းရောက်ခဲ့တဲ့အတွက်ကြောင့် အိမ်ရှင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဒေါ်လာ နှစ်သောင်း (ကျပ်သိန်း ၃၀၀) ခန့် ဒဏ်ကြေး ပေးဆာင်ရဖွယ်ရှိတယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်မှာ ပွဲစဉ်တွင် ဘောလုံးကွင်းထဲသို့ ပြေးဝင်ခဲ့သော သာကေတမြို့နယ်နေ ဆန်းမင်းဦး အသက်၂၅နှစ် ကို မင်္ဂလာတောင်ညွန့်ရဲစခန်းက ရဲလုပ်ထုံးလုပ်နည်းအရ ထိန်းသိမ်းထားတာပဲရှိတယ်လို့သိရပြီး လောလောဆယ်တော့ တိုင်ကြားသူမရှိသေးလို့ အရေးယူထားခြင်းတော့မရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့် တိုင်ကြားသူရှိရင်တော့ အရေးယူသွားမယ်လို့ သင်္ဃန်ကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကောင်းနိုင်က ပြည်မြန်မာကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။


ဖြစ်စဉ်မှာ မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် ပွဲချိန် မိနစ် ၄၀ အချိန်မှာ ပရိတ်သတ်တစ်ဦးဟာ ကွင်းထဲသို့ အင်္ကျီချွတ်ဖြင့် ဝင်ရောက်လာခဲ့ပါတယ်။ လုံခြုံရေးများ ဟန့်တားသည့်ကြားမှ ဝင်ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါ အချိန်မှာ မြန်မာအသင်းဟာ ဂျပန်အသင်းကို ၀-၂ ဖြင့်ရှုံးနိမ့်နေခဲ့တာ ဖြစ်ပါတယ်။

အဆိုပါလုပ်ရပ်ကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို အာရှဘောလုံးအဖွဲ့ချုပ်မှ ဒဏ်ကြေးချမှတ်သွားမည်ဖြစ်သည့်အပြင် နောက်ပိုင်း အိမ်ကွင်းပွဲစဉ်များအတွက်လည်း အလားတူဖြစ်ရပ်မျိုး ထပ်မဖြစ်စေရန် ပြင်းပြင်းထန်ထန်သတိပေးမှုများရှိလာနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။


11 Sep 2019     1,356 Views




RELATED

Most Popular of Football

Most Popular of Sport