BEC-TERO TV

အချင်းပွားမှုဖြစ်ပွားပြီး ၀က်အူလှည့်ဖြင့်ထိုးခံခဲ့ရတဲ့ ဒေါက်တာမြ၀တ်ရည်

11 Sep 2019     1,417 Views


အမှန်တရားဘက်တော်သားတစ်ယောက်ဖြစ်တဲ့ ဒေါက်တာမြ၀တ်ရည်ကတော့ မဟုတ်မမှန်တဲ့ကိစ္စတွေအတွက် ဖေ့စ်ဘွတ်ပေါ်မှာ Live လွှင့်ဖြေရှင်းရင်း လူအများကသတိထားမိခဲ့ကြတာပါ။ မဟုတ်မခံ၊ အမှန်တရားကိုချစ်မြတ်နိုးစိတ်ရှိသူဖြစ်ပေမယ့် တစ်ချို့သောသူတွေရဲ့ ဝေဖန်ရှုံ့ချခြင်းကိုခံခဲ့ရပြီး သူမရဲ့ပွင့်လင်းတဲ့စိတ်ဓာတ်အရင်းခံကို သိရှိသွားသူတွေကတော့ မြ၀တ်ရည်ဘက်ကရပ်တည်ကာ သူမကိုအချစ်ပိုလာကြတာလည်းဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ဒေါက်တာမြ၀တ်ရည်ကတော့ သူမကျင်လည်ရာဆရာဝန်လောကမှာလည်း အမည်နာမကောင်းရရှိထားသူဖြစ်ပြီး ယခုဆိုရင် သူမကိုချစ်ခင်အားပေးတဲ့ပရိသတ်တွေနဲ့ ဆယ်လီတစ်ယောက်လဲဖြစ်လို့နေပါပြီ။ သူမကိုအားပေးလက်ခံလာသူတွေရှိသလို ဝေဖန်သူတွေကလဲရှိနေဆဲပါ။ လတ်တလောမှာတော့ ဒေါက်တာမြ၀တ်ရည်တစ်ယောက် စကားများ၊ အချင်းပွားမှုဖြစ်ရာမှ ဆဲဆိုကြိမ်းမောင်းပြီး ၀က်အူလှည့်ဖြင့်ထိုးခံခဲ့ရပါတယ်။ စက်တင်ဘာလ (၉) ရက်နေ့ ည ၁၀ နာရီကျော်လောက်က ဒေါက်တာမြ၀တ်ရည်ဟာ ကားလမ်းကူးဖို့လုပ်စဉ် အရက်မူးနေသော အမျိုးသား ၄ ယောက်မှ ရိသဲ့သဲ့ဖြင့် စနောက်လှောင်ပြောင်ပြောဆိုမှုများကြောင့် အချင်းပွား၊ စကားများခဲ့ကြပြီး ဒေါက်တာမြ၀တ်ရည်ကို ဆဲဆိုကြိမ်းမောင်းကာ ၀က်အူလှည့်ဖြင့်ထိုးမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဖြစ်စဉ်ကိုတော့ ဒေါက်တာမြ၀တ်ရည်က သူ့ရဲ့ဖေ့စ်ဘွတ်မှာရေးသားကာ ထိုအမျိုးသားအုပ်စုနဲ့အချင်းပွားခဲ့တဲ့ စီစီတီဗီမှတ်တမ်း ဗီဒီယိုဖိုင်ကိုပါတင်ထားခဲ့တာဖြစ်ပါတယ်။ ၀က်အူလှည့်ဖြင့်လှမ်းထိုးခံခဲ့ရပေမယ့် အသက်အန္တရာယ်ထိခိုက်မှု တစ်စုံတစ်ရာတော့မရှိခဲ့ပါဘူး။

ဒေါက်တာမြ၀တ်ရည်ရေးထားတာကတော့ “ည ၁၀နာရီကျော်က မိတိဆွေတစ်ယောက် မုန့်ဟင်းခါးလာစားလို့ဖုန်းဆက်တော့ အလုပ်ကိစ္စပြောဖို့လည်းရှိတော့ အာရောဂျံမဂ္ဂဇင်းစာအုပ်ပေးဖို့ အောက်ဆင်းလာတော့ ကားလမ်းကူးဖို့လုပ်နေတုန်း ကားတစ်စီးလာလို့လမ်းဘေးပြန်ရှောင်ပေးတာကို မှန်တွေအကုန်ချထားတဲ့ကားနောက်ခန်းကနေ တစ်ယောက်က ချွတ်ချွတ်ဆိုပြီး နှုတ်ခမ်းဆူပြတယ်.. ကားကိုတမင်ရပ်ပြီး ဘယ်သွားမလဲ၊ဘာလုပ်မှာလဲ ကားပေါ်တက်ဆိုပြီးပြောတော့ Taxi ထင်ပြီး မိတ်ဆွေကားကိုလက်ညိုးထိုးပြပြီး စကားနည်းရန်စဲ ကားကိုပတ်ပြီး ဟိုဘက်ကားဆီသွားပါမှ အိမ်စီးကားဖြစ်ပြီး ကားပေါ်ပါ ၄ယောက်လုံးမူးနေတာ.. ကားပေါ်ကနေထပ်ပြောနေလို့ အရက်မူးနေရင်လည်းအေးဆေးနေပါ မကောင်းတဲ့မိန်းမမဟုတ်ဘူး၊ အဲ့လိုမပြောပါနဲ့ပြောတာကို နောက်ကကောင်က စောက်ရူးမ စောက်ကြီးစောက်ကျယိဆိုပြီးပြောတယ်။ တော်တော်ရိုင်းပါတယ် မကောင်းတဲ့မိန်းမထင်ပြီး ကားပေါ်ခေါ်လည်း မှားသွားရင် မသိလိုက်မသိဘာသာ မသွားပဲ ထပ်မိုက်ရိုင်းနေလို့ မူးနေရင်မိန်းမတွေကို လိုက်ရန်မရှာနဲ့ ပါးရိုက်ခံရမယ်လို့ပြောတာကို ကားပေါ်ကဆင်းလာပြီး ယောကျာ်းနှစ်ယောက် မိုက်ကြေးလာခွဲပြီး FB cele ကောင်မပဲဆိုပြီး မှတ်မိသွားတော့မှေ--ိုးမ လို့ ဆဲသွားပါတယ်။”

“199 ကို ဖုန်းဆက်ဖို့သတိရပြီး ဖုန်းဆက်နေတုန်း ကားကမောင်းထွက်သွားပြီဆိုပြီး ရဲစခန်းသွားရနိုး မောင်းထွက်လိုက်တော့ သူတို့ကားကလမ်းအလယ်လောက် ဘယ်ဘက်မှာရပ်ထားတာ 199 နဲ့ပြောနေတုန်းဆိုတော့ ကားရှိသေးတယ်ဆိုတော့ စောင့်နေပါဆိုလို့ တော်တော်လှန်းမှ ညာဘက်ချရပ်ထားတုန်း ကားမှန်လာခေါက်ပြီး ပြဿနာရှာပြီးေ--ိုးမလို့ ဆဲတဲ့သူရယ် ကားမောင်းတဲ့သူရယ် သူတို့အပျက်မထင်ပြီး ကားပေါ်ခေါ်တာ စတာတွေ ဆဲတာတွေ ချန်ထားပြီး ရန်ပြန်လာရှာပြီး တစ်ယောက်ကကားမှန်ချထားတဲ့ဆီကနေ ဝက်အူလှည့်နဲ့လှမ်းထိုးပါတယ်။ ကားမှန်ကိုအတင်းပြန်တင်ထားတာကို လက်နဲ့ဖိထားပြီး လှမ်းထိုးတာ။ အလယ်ဂီယာပေါက်နားထိ နောက်ဆုတ်လိုက်လို့ လွတ်သွားပါတယ်။ မှန်ဖိထားတဲ့လက်ကို ဖုန်းနဲ့ရိုက်ပြီးမှန်ပိတ်တော့ ကားတံခါးက lock မချထားတော့ ဆွဲဖွင့်တာပွင့်သွားလို့ အတင်းပြန်ဆွဲပိတ်ရပါတယ်။ ကူကယ်ရာမဲ့ 199 နဲ့ ဖုန်းတောင် မချရသေးဘူး။ ကားမှန်တွေအတင်းထု ကားထွက်မယ်လုပ်တော့ Bonnet တွေ အတင်းထုပြီး ရှေ့ကပိတ်ထားပါတယ်။”

“၁၅မိနစ်လောက်အတွင်းကို ကမ္ဘာပျက်မတတ် အပြင်ကနေ -ာသယ်မေ- -လိုးမတွေ စောက်ရူးမ နင့်စောက်ဆင့်နဲ့ ဆိုပြီး အော်ဟစ်ဆဲဆိုသောင်းကျန်းပြီး ဝက်အူလှည့်နဲ့ထိုးဖို့ ကားအပြင်ကိုပဲ ထွက်လာဖို့စောင့်နေပါတယ်။ သူတို့ကားဘေးဘက်ကို ခဏထွက်သွားတုန်း ရဲစခန်းဆီအမြန်မောင်းထွက်ရပါတယ်။ သူတို့အပြောက ကားနဲ့မလွတ်လို့ ကားရပ်တာလို့လိမ်ပါတယ်။ CCTV မှာ ကားလာလို့ လူကနောက်ဆုတ်ပေးလိုက်တာ အရှင်းကြီးပါ။ ဝက်အူလှည့်နဲ့ ကားထဲလှမ်းထိုးလို့ အတော်ကို shock ရနေပါတယ်။ ရဲတွေစောင့်ပေမယ့်လည်း ဖြစ်နေတဲ့မိနစ် ၂၀/၂၅ အတွင်း ကမ္ဘာပျက်မတတ်ပါပဲ။ Video ရိုက်ဖို့လည်းသတိမရ နောက်တစ်ခေါက်ကားတံခါးလာခေါက်မှ ရိုက်ထားဖြစ်တယ်။ တော်တော်ကို သွေးပျက်စရာကောင်းပါတယ်။ FB cele လို့မှတ်မိပြီးမှ ဝက်အူလှည့်နဲ့ ထိုးတာပါ။ ရဲဆီသွားတိုင်ဖို့ လိုက်ပို့ပြီး အပြန်ကျတော့ တစ်ယောက်တည်းမို့ ရဲတွေဆိုင်ကယ်နဲ့ ပြန်လ်ုက်ပို့ပေးခဲ့ရတယ်။ မလုံခြုံတော့တဲ့ဘဝ အကာအကွယ်တွေမဲ့နေသလိုပါလား” ဆိုပြီး ရေးသားထားပါတယ်။

 

(ပိုပိုလေး)


11 Sep 2019     1,417 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment