BEC-TERO TV

မိတ်ကပ်တွေအကုန်ဖျက် တစ်ယောက်မှမကျန်စေနဲ့ (ရုပ်သံ)

12 Sep 2019     1,300 Views


“ကျောင်းသူဆိုတာ ကျောင်းသူနဲ့ပဲ တူရမယ်၊ မျက်နှာပေါ်က မိတ်ကပ်တွေအကုန်ဖျက် တစ်ယောက်မှ မကျန်စေနဲ့ ဟေ့..” 
ဒါကတော့ တရုတ်နိုင်ငံ ကွေးကျိုးပြည်နယ် ကျူရင်တုံးနမ်မြို့က အလယ်တန်းကျောင်းတစ်ကျောင်းရဲ့ အဝင်ဝမှာ လက်ထောက်ကျောင်းအုပ်ကြီးကိုယ်တိုင် မတ်တပ်ရပ်ပြီး ကျောင်းသူတွေရဲ့ မျက်နှာပေါ်က မိတ်ကပ်တွေကို ရေဝတ်ဖတ်နဲ့ သုတ်ပစ်ဖို့ ကျောင်းလုံခြုံရေးဝန်ထမ်းကို အမိန့်ပေးနေတာဖြစ်ပါတယ်။ 
 
လုံခြုံရေးဝန်ထမ်းကလည်း ကျောင်းသူလေးတွေကို တန်းစီခိုင်းပြီး ရေဇလုံထဲ အဝတ်တစ်ခုကို နှစ်ကာ သူတို့ရဲ့ မျက်နှာတွေကို ရေဝတ်ဖတ်နဲ့ ပြောင်အောင် သုတ်နေပါတယ်။ ပြီးမှသာ ကျောင်းထဲကို ဝင်ခွင့်ပြုခဲ့တာပါ။
 
 
အဆိုပါရုပ်သံဗီဒီယိုဟာ တရုပ်လူမှုကွန်ယက် ဝီဘီပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ဆရာကြီးရဲ့ လုပ်ရပ်ကို ထောက်ခံသူနဲ့ မထောက်ခံသူတွေ ကွဲသွားပြီး ငြင်းခုန်ဆွေးနွေးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
 
“ကျောင်းသူကျောင်းသားတွေအကုန်လုံး ဘယ်သူမှ မိတ်ကပ်လိမ်းပြီး ကျောင်းကိုမလာရဘူး၊ ဒါက သူတို့အတွက် ပညာရေးကိုပဲ အာရုံစိုက်ဖို့ လမ်းညွှန်ပေးနေတာပါ။ တစ်ချို့ကျောင်းသူတွေက အခြားကျောင်းသာတွေ အာရုံစိုက်တာခံချင်လို့ မိတ်ကပ်ထူထူကြီးတွေလိမ်းပြင်ပြီး ကျောင်းကိုလာကြတာတွေရှိတယ်” လို့ လက်ထောက်ကျောင်းအုပ်ကြီး မစ္စတာလု က ဘေကျင်းသတင်းဌါနကို ပြောကြားခဲ့ပါတယ်။
 
“ကျွန်တော်တို့လို မိဘတွေက သားသမီးတွေကို ကျောင်းတက်ခိုင်းတာ ပညာသင်ကြားဖို့ပါ၊ အကယ်၍ အခုလိုအသက်ငယ်ငယ်လေးတွေနဲ့ အလှတွေပြင်နေကြပြီး ပညာရေးဘက်မှာ အာရုံစိုက်ဖို့ကို ထိခိုက်နိုင်ပါတယ်” လို့ ဆိုပါတယ်။
 
ရုပ်သံကိုကြည့်ပြီး ဝေဖန်သူအချို့ကလည်း ကျောင်းသူတွေအကုန်လုံးကို ဒီအဝတ်တစ်ခုထဲနဲ့ပဲ မျက်နှာတွေ ပွတ်ပစ်နေတဲ့အတွက် မလိုလားအပ်ပဲ ရောဂါပိုးကူးနိုင်တယ်လို့ ပြောဆိုမှုတွေရှိနေပါတယ်။
 
မိတ်ဆွေတို့မှာလည်း အလယ်တန်းကျောင်းသူအရွယ်သမီးလေး ရှိရင် မိတ်ကပ်အဖွေးသားနဲ့ ကျောင်းသွားတက်မှာကို သဘောကျကြည်ဖြူမလားဆိုတာ ကွန်မန့်ပေးခဲ့ကြပါဦး။ 

 


12 Sep 2019     1,300 Views




RELATED

Most Popular of Special or Others

Most Popular of NEWS