BEC-TERO TV

ရော်နယ်ဒိုရဲ့ ညစာအတူစားဖို့ ဖိတ်ခေါ်မှုကို လက်ခံသွားမယ် လီယွန်နယ် မက်စီ

12 Sep 2019     1,364 Views


ဘာစီလိုနာအသင်းတိုက်စစ်မှူး လီယွန်နယ် မက်စီဟာ ရော်နယ်ဒိုရဲ့ ညစားအတူစားဖို့ဖိတ်ခေါ်မှုကို ငြင်းဆန်စရာမရှိဘဲ ကျေနပ်စွာလက်ခံသွားမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ UEFA ဆုပေးပွဲမှာ ရော်နယ်ဒိုက မက်စီနဲ့ညစာအတူစားချင်တယ်လို့ ထုတ်ဖော်ပြောဆိုဖူးထားခဲ့ပြီး ဒါကို မက်စီအနေနဲ့ လက်ခံဖို့ အဆင့်သင့်ပဲဆိုတာကို ပြောကြားခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ စပိန်မှာရှိစဉ်အတွင်းက ပြိုင်ဘက်ကြီးဖြစ်တဲ့ လီယွန်နယ် မက်စီနဲ့ ညစာအတူတစ်ခါမှ မစားဖူးသေးတဲ့အတွက်ကြောင့် မက်စီနဲ့ Dinner အတူစားဖို့ဆန္ဒရှိနေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ရော်နယ်ဒိုက ၂၀၁၉ UEFA ဆုပေးပွဲမှာ “ဒီစင်မြင်ပေါ်မှာ အတူတက်လာတာ (၁၅) နှစ်လာက်ရှိနေပါပြီ။ ဘောလုံးလောကမှာ တစ်ခါမှမရှိဘူးလို့ ထင်ပါတယ်။ ဒါက လွယ်တဲ့အလုပ်တော့မဟုတ်ပါဘူး။ ကျွန်တော်နဲ့ မက်စီနဲ့မှာလည်း ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိပါတယ်။

 ဒါပေမယ့် အခုထိတော့ ညစာအတူမစားဖူးသေးပါဘူး။ အနာဂါတ်မှာတော့ ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်စပိန်မှာ ကစားစဉ်အတွင်းက သူနဲ့ကျွန်တော်ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြပါတယ်။ တစ်ယောက်ကို တစ်ယောက် ဖိအားပေးနိုင်ခဲ့ပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ကြပါတယ် ” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မက်စီက ရော်နယ်ဒိုရဲ့ ဖိတ်ခေါ်မှုနဲ့ ပါတ်သတ်ပြီး “ ကျွန်တော် အမြဲတမ်းပြောခဲ့ပါတယ်။ ရော်နယ်ဒိုနဲ ကျွန်တော်ကြားမှာ ဘာပြသာနာမှရှိမနေပါဘူး။ သူနဲ့ကျွန်တော်က သူငယ်ချင်းတော့မဟုတ်ပါဘူး ဘာလိုဆိုတော့ အဝတ်လဲခန်းမှာ တွေ့ ဆုံဆွေးနွေးနေကြတာမဟုတ်လို့လေ..။

ဒါပေမယ့် သူနဲ့ကျွန်တော်ဟာ ဆုပေးပွဲအခမ်းအနားတွေမှာ အမြဲလိုလိုတွေ့ မြင်နေရပါတယ်။ အမြဲတမ်းပဲ သူနဲ့ကျွန်တော်ဟာ အချိန်အကြာကြီး ဆုပေးပွဲတွေမှာ အမြဲဆုံနေရလိုပါ။ ဒါကြောင့် Dinner ဖိတ်ခေါ်မှုကို ကျေနပ်စွာ လက်ခံသွားဖို့အသင့်ပါ ” လို့ လီယွန်နယ် မက်စီကပြောကြားခဲ့ပါတယ်။

မက်စီနဲ့ရော်နယ်ဒိုတို့ဟာ ဘလွန်းဒီအောဆုကို (၅) ကြိမ်စိရရှိခဲ့ကြပြီး အသင်းလိုက်ဖလားတွေ ၊ တစ်ဦးချင်းဆုတံဆိပ်တွေကို များစွာရရှိခဲ့ကြတာဖြစ်ပါတယ်။


12 Sep 2019     1,364 Views




RELATED

Most Popular of Football

Most Popular of Sport