BEC-TERO TV

ပရိသတ်တွေစိုးရိမ်နေကြတဲ့ သရုပ်ဆောင်ဝေဠုကျော်ရဲ့ လက်ရှိကျန်းမာရေးအခြအနေ

12 Sep 2019     1,320 Views


လူမှုအကျိုးပြုလုပ်ငန်းတွေကို စွမ်းစွမ်းတမံလုပ်ကိုင်ဆောင်ရွက်နေတဲ့ ပရဟိတမင်းသားကြီး ဝေဠုကျော်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ဆေးရုံတက်ပြီး ဆေးကုသမှုခံယူခဲ့ရပါတယ်။ သူဟာအစာအိမ်နာဝေဒနာကို အချိန်အတော်ကြာခံစားနေရတာကြောင့် ဆေးရုံမှာ စစ်ဆေးကုသမှုယူခဲ့တာဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

အရင်က အစာအိမ်သွေးကြောပေါက်ခဲ့ဖူးတဲ့ ဝေဠုကျော်ဟာ အစားအသောက်မမှန်တာကြောင့် အစာအိမ်နာပြန်ဖြစ်ကာ စက်တင်ဘာလ (၉) ရက်နေ့ညက ဆေးရုံတက်ခဲ့ရတာဖြစ်ပါတယ်။ အစာအိမ်မှန်ပြောင်းကြည့်ပြီးရလာတဲ့ ကျန်းမာရေးအခြေအနေကိုတော့ ဝေဠုကျော်က ယခုလိုပဲပြောပြထားပါတယ်။

“အစာအိမ် မှန်ပြောင်းကြည့်ပြီးပါပြီ ခင်ဗျာ။ ခွဲစိတ်ရန် မလိုသေးပါ၊ အဖု အကြိတ် အလုံး အသားပို အနာ ဒါဏ်ရာ မရှိ၊ ကင်ဆာ ဖြစ်နိုင်ခြေ မတွေ့ရ၊ အစာအိမ်တော့ နီပြီး ရောင်နေတဲ့အတွက် အချိန်ယူ ကုရမယ်၊ ရိုးရိုးရောင်တာလား ဗိုင်းရပ်ကြောင့်လားဆိုတာ အသားစယူပြီး စစ်နေပါတယ်” လို့ဆိုပါတယ်။ သူ့ကျန်းမာရေးအတွက် စိတ်ပူပေးကြသူများ၊ အမြန်ဆုံးကျန်းမာစေဖို့ ဆုတောင်းပေးကြသူများအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ဆိုထားပါတယ်။

ဝေဠုကျော်ကတော့ လတ်တလောမှာကျန်းမာရေးမကောင်းတာကြောင့် စက်တင်ဘာလ (၁၁) ရက်နေ့မှာပြုလုပ်တဲ့ သင်းသင်းနဲ့အမှုရဲ့ ရုံးချိန်းကိုလည်း တက်ရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။

(ပိုပိုလေး)


12 Sep 2019     1,320 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment