BEC-TERO TV

မန်ယူအသင်းမှာ လူကာကူနှင့်ဆန်းချက်တို့ ခြေစွမ်းမပြနိုင်ရသည့် အကြောင်းရင်း

13 Sep 2019     1,364 Views


ချီလီတိုက်စစ်မှူး ဆန်းချက် နှင့် ဘယ်ဂျီယံ တိုက်စစ်မှူး လူကာတူတို့ဟာ မန်ယူအသင်းမှာ ခြေစွမ်းအပြနိုင်ခဲ့တာကြောင့် ဒီရာသီမှာ အင်တာမီလန်အသင်းကို ပြောင်းရွေ့ ခဲ့ပါတယ်။ လူကာကူကတော့ အပြီးသတ်ပြောင်းရွေ့ ခဲ့တာဖြစ်ပြီး ဆန်းချက်ကတော့ တစ်ရာသီအငှားဖြင့်ပြောင်းရွေ့ ခဲ့တာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးစလုံးဟာ မန်ယူအသင်းမှာရုံးကန်ရခဲ့ပေမယ် နိုင်ငံအသင်းနဲပွဲတွေမှာ ကိုယ်စီကိုယ်စီ ခြေစွမ်းပြကစားထားနိုင်ခဲ့ပါတယ်။ မန်ယူအသင်းမှာ ခြေစွမ်းပြဖို့ ရုံးကန်ရခြင်းနဲ့ပါတ်သတ်ပြီး ချီလီ တိုက်စစ်မှူး ဆန်ချက်က ESPN ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဆန်းချက်က သူတို့နှစ်ယောက် မန်ယူအသင်းမှာ ခြေစွမ်းမပြနိင်တဲ့ အကြောင်းရင်းဟာ ပွဲထွက်ခွင့်နည်းပါးခဲ့တဲ့ အတွက်ကြောင့်လို ဆိုပါတယ်။

“လူကာကူ နဲ့ ကျွန်တော်ဟာ မန်ယူအသင်းမှာ အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့ အခွင့်အရေးတော့ မရခဲ့ပါဘူး။ ကျွန်တော်တို့ဟာ ပုံစံကောင်းပြသနိုင်ဖို့ဆိုရင် ပွဲများများကစားဖို့လိုပါတယ်။ ဒါပေမယ့် အဲ့ဒီအခွင့်အရေးကို မရခဲ့ပါဘူး။”

“အင်တာမီလန် ကျွန်တော့အတွက် အကောင်းဆုံးနေရာတစ်ခုဖြစ်လာမှာပါ ။ ဒါအတွက်ကြောင့်လည်း အင်တာမီလန်ကိုရောက်လာခဲ့တာပါ။ လူကာကူလည်း အဲ့အတိုင်းဖြစ်လာမှာပါ ။အင်္ဂလန်ကနေ ထွက်လာခဲ့တာဟာ အကောင်းဆုံးအခြေအနေတစ်ခုပါ။ ဒီထက်တော့ ဘာမှပိုမပြောချင်တော့ပါဘူး ” လို့ ဆန်ချက်က ရင်ဖွင့်ပြောကြားခဲ့ပါတယ်။

လူကာကူဟာ အင်တာမီလန်ကို ရောက်ရှိပြီးကတည်းက ပုံမှန်ပွဲထွက်ခွင့်နဲ့ ခြေစွမ်းပြကစားထားနိုင်ခဲ့ပြီး သွင်းဂိုးတွေလည်း ရယူနိုင်ခဲ့ပါတယ်။


13 Sep 2019     1,364 Views




RELATED

Most Popular of Football

Most Popular of Sport