BEC-TERO TV

အလှပြင်ဖို့အတွက် အပျင်းမကြီးကြပါနဲ့လို့ အကြံပေးလိုက်တဲ့ မေ

13 Sep 2019     1,685 Views


သေးသွယ်လျတဲ့ကိုယ်လုံးလေးနဲ့ ချောမောလှပတဲ့ရုပ်ရည်ကြောင့် ယောကျာ်းထုကြီးရဲ့ တစ်ခဲနက်ဝန်းရံအားပေးခြင်းခံထားရတဲ့ မော်ဒယ်သရုပ်ဆောင်မေကတော့ နာမည်လေးတစ်လုံးနဲ့ ထူးထူးခြားခြားဆွဲဆောင်မှုရှိသူပါ။ သူမရဲ့ချိုမြမြအသံလေးနဲ့ သီချင်းကောင်းတွေသီဆိုထားတဲ့မေကတော့ ယောကျာ်းလေးတွေသာမက၊ မိန်းကလေးတွေကပါ အားပေးချစ်ခင်ကြတဲ့ အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

အမြဲဖက်ရှင်ကျပြီး လှပနေတဲ့မေက ဒီတစ်ခါမှာတော့ မေက အလှအပရေးရာလို့ ပရိသတ်တွေဆီကို အကြံတစ်ခုကိုပေးလိုက်ပါတယ်။ အမြဲစတိုင်ကျလှပပြီး ဖက်ရှင်ကျကျပြင်ဆင်ဝတ်စားတတ်တဲ့ မေက ယခုခေတ်မှာ ရုပ်ရည်ချောမောဖို့ထက် ဖက်ရှင်ကျပြီး ပြင်ဆင်ဝတ်စားတတ်ဖို့က ပို၍အရေးကြီးတယ်လို့ဆိုပါတယ်။

ကျား၊မ မရွေးလူတိုင်း အလှအပကိုချစ်မြတ်နိုးတတ်ဖို့နဲ့ လှအောင်ပြင်ဆင်ဝတ်စားဖို့ အပျင်းမကြီးသင့်ကြောင်း အကြံပေးသွားတာဖြစ်ပါတယ်။ Not Copyrighted ဖက်ရှင်ရှိုးပွဲကို တက်ရောက်ခဲ့တဲ့မေက ဖက်ရှင်နဲ့ပတ်သက်ပြီး “အဓိက လူတစ်ယောက်က ၀တ်တတ်၊ စားတတ်နေရမယ်။ ရုပ်ရည်က အခုခေတ်ကြီးမှာ အဓိကတောင်မကျတော့ဘူး။ လူတစ်ယောက်က ဖက်ရှင်စတိုင်လေး သူ့ဟာသူရှိနေရမယ်။ ၀တ်တတ်စားတတ်ရမယ် ပြင်တတ်ဆင်တတ်ရမယ်။”

“လူက လိုကိုလိုတယ်။ အားလုံး အပျင်းမကြီးပါနဲ့၊ မိန်းကလေး ယောကျာ်းလေးအားလုံးကို ပြောချင်ပါတယ်။ အဓိက ပဲများနေဖို့မဟုတ်ဘူး။ တစ်ချို့တွေကကြ ပျင်းတယ် မိတ်ကပ်လိမ်းရမှာ ပျင်းတယ်၊ ဟိုဟာလုပ်ရမှာ ပျင်းတယ်။ အဲ့လိုမျိုးလေးနေရင် ကိုယ့်ကိုကိုယ် ယုံကြည်မှု Level ပိုမြင့်လာလိမ့်မယ်။ ကိုယ်ကိုတိုင်က မ၀တ်ချင်ဘူး၊ မစားချင်ဘူး၊ အလှမပြင်ချင်ဘူးဆိုပြီး မနေပါနဲ့” ဆိုပြီး အားလုံးကို အကြံပေးသွားတာဖြစ်ပါတယ်။

ကဲ ပရိသတ်ကြီးထဲက အလှပြင်ဖို့အတွက် အပျင်းထူနေသူတွေရှိရင် အပျင်းမကြီးပဲ ကိုယ့်ကိုကိုယ်အမြဲလှပအောင်၊ ဖက်ရှင်ကျအောင် ပြင်ဆင်ဝတ်စားနေထိုင်ကြပါလို့…

 

Source_MC 7

(ပိုပိုလေး)


13 Sep 2019     1,685 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment