BEC-TERO TV

ဖခင်ရဲ့ ဗီဒီယိုဖိုင်ကိုတွေ့ ရှိပြီးနောက် မျက်ရည်ကြီးငယ်ကျကာ ငိုကြွေးခဲ့တဲ့ ရော်နယ်ဒို

16 Sep 2019     1,529 Views


ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ITV နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ သူဖခင်ရဲ့ ဗီဒီယိုဖိုင်ကို မြင်တွေ့ ခဲ့ပြီးနောက် မျက်ရည်ကြီးငယ်ကျကာ ငိုကြွေးခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါဗီဒီယိုမှာ ရော်နယ်ဒိုဟာ သူ့ အပေါ်ထားရှိတဲ့ သူအဖေရဲ့ မေတ္တာကို ခံစားတွေ့ ရှိခဲ့ပြီးနောက် အခုလို ငိုကြွေးခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ ဖခင် ဂျို့ ဒင်းနစ် အေဗီရိုဟာ အရက်အသောက်လွန်မှုကြောင့် အသည်းရောဂါဖြင့် ၂၀၀၅ ခုနှစ် စက်တင်ဘာလ ၆ ရက်မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒီဗီဒ်ီယိုဟာ ယူရို ၂၀၀၄ ပြိုင်ပွဲမတိုင်ခင်မှာ ပြောဆိုခဲ့တာဖြစ်ပြီး ရော်နယ်ဒိုကတော့ ဒီဗီယိုကို တစ်ကြိမ်တစ်ခါမှ ကြည့်ရှုဖူးခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

ရော်နယ်ဒိုက “ ကျွန်တော် ဒီဗီယိုကို တစ်ခါမှ မကြည့်ဖူးပါဘူးဗျာ ..။ တစ်ခါမှလည်း မမြင်ဖူးပါဘူး ။ မယုံနိုင်စရာပါပဲ ” လို့ ပြောခဲ့တာဖြစ်ပါတယ်။ ဖခင်ဖြစ်သူရဲ့ ပြောဆိုမှုတွေနဲ့ ပါတ်သတ်ပြီး ရော်နယ်ဒိုက မော်ဂန်ရဲ့ တွေ့ ဆုံမေးမြန်းမှုတွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

 “ ကျွန်တော် အများကြီး ခံစားရပါတယ်။ ဒီအင်တာဗျူးမှာ ရယ်စရာတွေပဲပြောရမယ် ထင်ထားခဲ့တာ ၊ ငိုရမယ်လို့ မမျှော်လင့်ခဲ့ဘူး။ အခုလို ပုံရိပ်တွေကိုလည်း ဘယ်တုန်းကမှ မမြင်ခဲ့ရပါဘူး။ သူဘယ်မှာလဲဆိုတာလည်း မသိပါဘူး ။ ဒီပုံရိပ်တွေကို ကျွန်တော့မိသားစုကို ပြသသွားမှာပါ။ ”

“အမှန်တိုင်းပြောရရင် ကျွန်တော အဖေကို ၁၀၀% မသိပါဘူး။ သူဟာ အရက် အမြဲသောက်တဲ့သူပါ။ သူနဲ့ ကျွန်တော့ ဘယ်တုန်းကမှ စကားပြောဆိုခဲ့ခြင်းမရှိပါဘူး ။ ပုံမှန်ပြောဆိုမှုလေးတာင်မှ မရှိခဲ့တာပါ။ ဒါဟာ ကျွန်တော့်အတွက် ခက်ခဲပါတယ်။” ပြောဆိုခဲ့ပါတယ်။

ထိုနောက် ရော်နယ်ဒိုက “ ကျွန်တော့် အဖေဟာ ကျွန်တော် ဘောလုံးလောကမှာ အောင်မြင်မှုတွေရရှိချိန်ကို မြင်တွေ့ ခွင့်မရရှိခဲ့ပါဘူး ” လို့ဆက်လက်ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒို အသက် (၂၀) အရွယ်မှာ သူဖခင် ဂျို့ ဒင်းနစ် အေဗီရိုဟာ အသည်းရောဂါကြောင့် (၅၂) အရွယ်မှာတင် သေဆုံးခဲ့ရတာဖြစ်ပါတယ်။ ရော်နယ်ဒို အောင်မြင်တဲ့ ဘောလုံးသမားဘဝကို ပိုင်ဆိုင်နေချိန်မှာ သူရဲ့ ဖခင်မြင်တွေ့ခွင်မရတာအပေါ်ကို အတော်လေး ဝမ်းနည်းမျက်ရည်ကျခဲ့ရတာဖြစ်ပါတယ်။

 


16 Sep 2019     1,529 Views




RELATED

Most Popular of Football

Most Popular of Sport