BEC-TERO TV

ရဲလေးရဲ့သီချင်းမှာ ရင်ခုန်ချင်စရာကောင်မလေးအဖြစ်မြင်ရတဲ့ ကြက်တောင်မယ်လေး သက်ထားသူဇာ

18 Sep 2019     1,705 Views


သက်ထားသူဇာကတော့ လတ်တလော မြန်မာ့အားကစားလောကမှာနာမည်ကြီးနေသူတစ်ယောက်ပါ။ ကြက်တောင်အားကစားမယ်လေးဖြစ်တဲ့ သူမဟာ တစ်ထောင့်တစ်နေရာကနေ မြန်မာ့အားကစားကိုကမ္ဘာကသိအောင် ထိုးဖောက်ပြသနေသူတစ်ဦးပါ။ ကမ္ဘာအနှံကျင်းပတဲ့ ကြက်တောင်ရိုက်ပြိုင်ပွဲတွေမှာ လိုက်လံယှဉ်ပြိုင်ရင်း ရွှေတံဆိပ်ဆုများစွာကိုလည်း ဆွတ်ခူးပိုင်ဆိုင်ရရှိထားသူဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

သက်ထားသူဇာကတော့ အားကစားလောကမှာ စံထားရအောင်ချီးကျူးထိုက်သူဖြစ်ပြီး ချွေးသံတရွှဲရွှဲနဲ့ ချစ်စရာကောင်းတဲ့ကောင်မလေးတစ်ယောက်အဖြစ် အားလုံးကသိထားကြပါတယ်။ ဒါ့ကြောင့်လည်း လူငယ်ပရိသတ်တွေကြားထဲမှာ ကြက်တောင်မယ်လေး သက်ထားသူဇာဆိုပြီး ပေါ်ပြူလာဖြစ်လို့နေပါတယ်။

သက်ထားသူဇာက လတ်တလောမှာ အဆိုတော်ရဲလေးရဲ့ သီချင်းထဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ချွေးသံတရွှဲရွှဲ အားကစားဝတ်စုံနဲ့သာ မြင်တွေ့ဖူးတဲ့ ကြက်တောင်မယ်လေးသက်ထားသူဇာကို မိတ်ကပ်လိမ်းခြယ်ထားတဲ့ ရင်ခုန်ချင်စရာကောင်မလေးအဖြစ် မြင်တွေ့လိုက်ရပါပြီ။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ရဲလေးရဲ့သီချင်းသစ်က ဒီနေ့မှာပဲထွက်ရှိလာပါပြီ။ ဒီသီချင်းထဲမှာတော့ သက်ထားသူဇာရဲ့ရင်ခုန်စဖွယ် ချစ်စရာအမူအယာလေးတွေကို တွေ့မြင်ရမှာပါ။

သက်ထားသူဇာရဲ့ မိန်းကလေးဆန်ဆန် လှပတဲ့ပုံစံလေးကိုတွေ့မြင်နိုင်ဖို့ ရဲလေးရဲ့ “ချစ်ချစ်တုံး” ဆိုတဲ့ သီချင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။  

 

(ပိုပိုလေး)


18 Sep 2019     1,705 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment