BEC-TERO TV

မိဘတွေ နှိပ်စက်လွန်းလို့ ၈ နှစ်အရွယ်ကလေး တိုက်ပေါ်ကနေ ခုန်ချသတ်သေ

20 Sep 2019     1,413 Views


အသက် ၈ နှစ်အရွယ် ကောင်လေး တစ်ယောက်ဟာ နှစ်ပေါင်းများစွာ နေ့စဉ်နေ့တိုင်း မိဘနှစ်ပါးရဲ့ ရိုက်နှက်ညှင်းပမ်း(အိမ်တွင်းအကြမ်းဖက်မှု)တွေ ခံလာခဲ့ရပြီး နောက်ဆုံးမှာတော့ သူ့ကိုယ်သူသတ်သေဖို့ ဆုံးဖြတ်ကာ ၉ လွှာအမြင့် နေအိမ်တိုက်ခန်း ပြတင်းပေါက်ကနေ ခုန်ချ အဆုံးစီရင်သွားခဲ့ပါတယ်။
 
“အန်တွန်” ဆိုတဲ့ ကောင်လေး သေဆုံးမှုဟာ ပြီးခဲ့တဲ့လက ယူကရိန်နိုင်ငံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး နေရာမှာတင် သေဆုံးသွားခဲ့ကြောင်း ရဲအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကလေးဟာ မိဘနှစ်ပါးရဲ့ ရိုက်နှက်မှုကို နေ့တိုင်းလိုလိုခံခဲ့ရတယ်လို့ မျက်မြင်သက်သေတစ်ဦးက ဆိုပါတယ်။
 
 
သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တဲ့နေ့က အဝတ်အစားတွေ စုတ်ပြဲနေတာနဲ့ ပက်သက်ပြီး ကလေးကို မိဘတွေက အော်ဟစ်ဆူပူနေတာ ကြားခဲ့တယ်လို့ အိမ်နီးနားချင်းဖြစ်တဲ့ ‘Zhanna’ က ပြောပါတယ်။
အင်္ကျီတွေ ဖြဲလိုဆိုပြီး သူ့မိဘတွေက အော်ဟစ်ကြိမ်းမောင်းနေတာ ကြားရတယ်၊ ပြီးတော့လည်း ကလေးကို ရိုက်နှက်သံကြားတယ်” လို့ ဆိုပါတယ်။
 
အဲဒီနောက် အသံတွေအကုန်လုံး ငြိမ်သွားပြီး ကလေးရဲ့ ခပ်သုတ်သုတ် ခြေသံကိုကြားလိုက်ရတယ်၊ စက္ကန့်ပိုင်းလေးပဲကြာမယ် ကလေးက မြေကြီးပေါ်ပြုတ်ကျသွားတယ်၊ ကျွန်တော့် မီးဖိုဆောင် ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ ကလေးက ခွေခွေလေး လဲနေတယ်၊ ဒါနဲ့ အရေးပေါ်ကို ဖုန်းဆက်အကြောင်းကြားခဲ့တယ်” လို့ ပြောကြားခဲ့ပါတယ်။
 
 
ရဲတွေကတော့ ဒီအမှုဟာ မိဘတွေရဲ့ အုပ်ထိန်းမှုညံ့ဖျင်းကြောင့်ဖြစ်ပြီး သားသမီးအပေါ် တာဝန်ဝတ္တရားပျက်ကွက်မှုနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ အဲဒီနေ့က မိဘနှစ်ပါးဟာ ကလေးကို ရိုက်နှက်ပြီး အပြင်ထွက်သွားတဲ့အချိန်မှာ ဖြစ်သွားခဲ့တာဖြစ်ပါတယ်။ 
 
 
“အန်တွန်” ရဲ့ ကျောင်းက ကျောင်းအုပ်ကြီးကလည်း “ကလေး ၁ တန်းတက်တုန်းက နောက်ပြန်လဲကျသွားတာ ကျွန်တော်တို့ကပဲ သွားထူပေးခဲ့ရတယ်၊ သူ့မိဘတွေကတော့ မဆိုင်သလို ခပ်အေးအေးပဲ” လို့ စုံစမ်းစစ်ဆေးမှုမှာ ဖြေကြားခဲ့ပါတယ်။
 
မိဘတွေအနေနဲ့ အပြစ်ရှိတယ်ဆိုတာ ထင်ရှားရင်တော့ ထောင်ဒဏ် ၅ နှစ်နဲ့အထက် ကျခံရမှာဖြစ်ပါတယ်။
 

20 Sep 2019     1,413 Views




RELATED

Most Popular of International News

Most Popular of NEWS