BEC-TERO TV

ကျောင်းကြီးကြပ်ရေးမှူးဒေါ်ဥမ္မာလှိုင်မှ အောင်ကြီးရဲ့ရှေ့နေဖြစ်သူကို ပုဒ်မ (၂) ခုဖြင့် တရားစွဲ

25 Sep 2019     1,410 Views


အများပြည်သူတစ်ရပ်လုံးက အင်တိုက်အားတိုက် ပါဝင်ရပ်တည်ခဲ့ကြတဲ့ နေပြည်တော် Wisdom Hill မူကြိုကျောင်းက ဗစ်တိုးရီယားအမှုဟာ လက်ရှိချိန်မှာတော့ အနည်းငယ်သွေးအေးစပြုလာနေပြီဖြစ်ပါတယ်။ ဗစ်တိုးရီးယားအမှုကိုတော့ နေပြည်တော်ဒက္ခိဏခရိုင်တရားရုံးတွင် စစ်ဆေးကြားနာနေတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်ကျော်ကမှ သမီးငယ်လေးဗစ်တိုးရီးယားကို တရားခွင်မှာစစ်ဆေးမေးမြန်းမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
 
စွဲချက်တင်ခံထားရသူတရားခံမှာ အောင်ကြီးဖြစ်သော်လည်း ဗစ်တိုးရီးယားကိုယ်တိုင်က သူမကို ကိုကိုနဲ့ညီညီလုပ်တာပါဟု တရားရုံးတွင်ဖြေကြားထွက်ဆိုခဲ့ပါတယ်။ ဗစ်တိုးရီးယားကိုစစ်ဆေးမြန်းမှုတွေအပြီးမှာတော့ အမှုတွဲအနေနဲ့ ဘယ်လိုမျိုးရှေ့ဆက်ဖြစ်လာမလဲဆိုတာကို အားလုံးကစိတ်ဝင်တစားနဲ့ ဆက်လက်စောင့်ကြည့်လျက်ရှိပါတယ်။

ယနေ့မှာတော့ ကိုကိုနဲ့ညီညီ၏မိခင်ဖြစ်သူ ကျောင်းကြီးကြပ်ရေးမှူးဒေါ်ဥမ္မာလှိုင်မှ တရားခံအောင်ကြီးရဲ့ ရှေ့နေကို နိုင်လွတ်လုံပုဒ်မအပြင် ပုဒ်မ (၂) ခုနဲ့ အမှုဖွင့်ကာ တရားစွဲဆိုထားတယ်လို့သိရပါတယ်။ ယခုကဲ့သို့အမှုဖွင့်ရသည့်အကြောင်းရင်းမှာ ဗစ်တိုးရီးယားဖခင်ကို တရားရုံးတွင်စစ်ဆေးမေးမြန်းသည့်နေ့က အောင်ကြီးရဲ့ရှေ့နေဖြစ်သူ ဒေါ်စုဒါလီအောင်မှ ကိုကို၊ညီညီနှင့်ပတ်သက်ပြီး သတင်းမီဒီယာများတွင် ဖြေကြားပြောဆိုချက်များသည် နစ်နာစေသည့်အတွက် နိုင်လွတ်လုံပုဒ်မအပြင် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပါတယ်။
 
ယခုကဲ့သို့အမှုဖွင့် တရားစွဲဆိုခံရတာနဲ့ပတ်သက်ပြီး ရှေ့နေဒေါ်စုဒါလီအောင်က “ဒေါ်ဥမ္မာလှိုင်ကိုယ်တိုင်က ဟုတ်ပါတယ်ဆိုပြီးတော့ ပြောသွားတာရှိတယ်။ ကျွန်မကို အမှုနှစ်မှုနဲ့ ဖွင့်တယ်။ ဒါပေမယ့် ပထမတစ်မှု နိုင်/လွတ်လုံပုဒ်မနဲ့ သူတို့စွဲထားတဲ့ဟာက တရားဥပဒေနဲ့မညီတော့ ပုဒ်မမမြောက်လို့ပယ်ချခံခဲ့ရတယ်” ဟု ပြောကြားခဲ့ပြီး သူမအနေဖြင့် ယခုကဲ့သို့အမှုရင်ဆိုင်ရခြင်းမှာ ဗစ်တိုးရီးယားအမှုအတွက် အဟန့်အတားတစ်ခုဖြစ်စေကြာင်းကိုပါ ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။

ကျောင်းကြီးကြပ်ရေးမှူးဒေါ်ဥမ္မာလှိုင်ကတော့ “ကျွန်မရဲ့သားတွေအတွက် အမှန်တရားကို တစ်ကန့်ချင်းစီ ချပြသွားမယ်လို့” မီဒီယာတွေထံ ပြောကြားသွားခဲ့ပါတယ်။ ဒေါ်ဥမ္မာလှိုင်က အောင်ကြီးရဲ့ရှေ့နေဖြစ်သူကို သြဂုတ်လ (၃၁) ရက်နေ့က နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ပတ္တနယ်မြေရဲစခန်းတွင်အမှုဖွင့်ထားခဲ့ခြင်းဖြစ်ပြီး ယနေ့မှာတော့ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မဖြင့် တရားရုံးတွင်စွဲချက်တင်လိုက်ပြီဖြစ်ပါတယ်။
 

Ref_Eleven Media

(ပိုပိုေလး)


25 Sep 2019     1,410 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS