BEC-TERO TV

အသက်ကြီးမှ “ဝက်ခြံ”ပေါက်ရင် သတိထားပါ

30 Sep 2019     1,396 Views


မျက်နှာပေါ်မှာ ပေါက်တတ်တဲ့ ‘ဝက်ခြံ’ ဖုလေးတွေဟာ များသောအားဖြင့် ပျိုဖော်ဝင်စ၊ ဆယ်ကျော်သက်တွေ ဟော်မုန်းအပြောင်းအလဲကြောင့် ထွက်လာတတ်တာ သဘာဝဖြစ်ပါတယ်။ အသက် ၃၀ ဝန်းကျင်လောက်ထိ ထွက်တတ်ပြီး ရံဖန်ရံခါ အိပ်ရေးပျက်တာ၊ အစားအသောက်မှားတာ၊ စိတ်ဖိဆီးမှုများတာတွေကြောင့်ကလွဲရင် အသက်ကြီးလာတာနဲ့အမျှ တစ်ဖြည်းဖြည်းနဲ့ လျှော့ပါးသွားတတ်ပါတယ်။
 
မြန်မာစကားမှာ ‘ကြီးမှ ဝက်သက်ပေါက်တယ်’ ဆိုတာ ဂုဏ်ယူစရာကောင်းပေမယ့် ကြီးမှဝက်ခြံပေါက်ရင်တော့ အန္တရာယ်ရှိလို့ သတိထားဖို့လိုပါလိမ့်မယ်။
 
တရုတ်နိုင်ငံ ဂွမ်ဒေါင်းက အသက် ၅၁ နှစ်အရွယ် အမျိုးသားကြီးက သူ့ရဲ့နဖူးပြင်မှာ စူထွက်လာတဲ့ အဖုလေးကို ဝက်ခြံပေါက်တာပဲထင်ပြီး ညှစ်ထုတ်ပစ်လိုက်မိပါတယ်။ ဒါပေမယ့် တစ်ရက်နှစ်ရက်လောက် ကြာတဲ့အခါ အဲဒီနေရာ အနာဝက မဲလိုက်လာပြီး ထူလပျစ်ကြီး ဖြစ်လာပါတယ်။
 
 
ဆေးရုံမှာ သွားရောက်စစ်ဆေးတဲ့အခါမှာတော့ အင်မတန်ဖြစ်ခဲလှတဲ့ အရေပြားကင်ဆာဖြစ်နေတာကို သိလိုက်ရပါတယ်။ သူညှစ်ထုတ်လိုက်တဲ့အရာက ကင်ဆာအကျိတ်တည်ကာစ အလုံးဖြစ်နေပါတယ်။ အသားအစားထိုး ခွဲစိပ်ကုသတဲ့ နည်းလမ်းတစ်ခုနဲ့သာ ဆက်ပြီးမပြန့်အောင် တားနိုင်မယ်လို့ ဆရာဝန်တွေက အကြံပေးပါတယ်။
 
ဆရာဝန်တွေက သူ့ရဲ့ သဘောတူညီချက်အရ လက်မောင်းကအသားကို ယူပြီး နဖူးပြင်မှာ အစားထိုးခွဲစိတ်မှု ၅ နာရီကြာအောင် ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အန္တရာယ်ကင်းကင်းနဲ့ ဆေးရုံက ဆင်းနိုင်ခဲ့ကြောင်း Oriental Daily သတင်းမှာ ဖော်ပြထားပါတယ်။

 


30 Sep 2019     1,396 Views




RELATED

Most Popular of Special or Others

Most Popular of NEWS